Wednesday, July 25, 2012

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနက်မူခါဂျီးသည် သမ္မတရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ခြင်း

Posted by drmyochit Wednesday, July 25, 2012, under | No comments



          အသက် ၇၇ နှစ်ရှိပြီဖြစ်သော အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနက်မူခါဂျီး သည်  ဇူလိုင်လ ၂၂ ရက်နေ့တွင်ကျင်းပသော သမ္မတရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ကြောင်း တရားဝင်မဲရလဒ်များအရသိရှိရပါသည်။ မူခါဂျီးသည် ထောက်ခံမဲ ၅၅၈,ဝဝဝ ကျော်ရရှိခဲ့ပြီး ¤င်း၏အဓိက ပြိုင်ဘက်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ပီအေဆန်ဂမာမှာ ထောက်ခံမဲ ၂၄ဝ,ဝဝဝ ခန့်သာရရှိခဲ့ကြောင်း သိရှိရပါသည်။ မူခါဂျီးသည် အိန္ဒိယနိုင်ငံ၏ ၁၃ ယောက်မြောက်သမ္မတဖြစ်လာခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် တရားသူကြီးချုပ်၏ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 

မူခါဂျီးသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ် Birbhum  ခရိုင် Mirati  မြို့တွင် ၁၉၃၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင်မွေးဖွားခဲ့ပါသည်။ ၄င်းသည် Suri Vidyasagar ကောလိပ်တွင်တက်ရောက်ခဲ့ပြီးနောက် ကိုလ်ကတ္တားတက္ကသိုလ်မှ သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာမဟာဝိဇ္ဇာဘွဲ့နှင့် ဥပဒေဘွဲ့တို့ကိုရရှိခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်တွင်Wolverhampton  တက္ကသိုလ်မှချီးမြှင့်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုရရှိခဲ့ပြီး နိုင်ငံရေးလောက အတွင်းသို့မဝင်ရောက်မီ အကြီးတန်းစာရေး၊ တက္ကသိုလ်ကျောင်းဆရာနှင့် သတင်းထောက်အလုပ်များကို လုပ်ကိုင်ခဲ့ကြောင်းသိရှိရပါသည်။ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် အုပ်ချုပ်စီမံရေး အာဏာအများစုကို ချုပ်ကိုင်ထားသော်လည်း သမ္မတသည် အစိုးရဖွဲ့စည်းရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်