Wednesday, July 25, 2012

အီရန်နိုင်ငံသည် ကုန်တင်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများအတွက် နျူကလီးယားလောင်စာထုတ်လုပ်နိုင်စွမ်းရှိသည်ဟုဆို

Posted by drmyochit Wednesday, July 25, 2012, under | No comments



          အီရန်နိုင်ငံသည် ကုန်တင်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများတွင်အသုံးပြုရန်အတွက် နျူကလီးယား လောင်စာထုတ်လုပ်နိုင်စွမ်းရှိကြောင်း အီရန်အဏုမြူစွမ်းအင်အဖွဲ့(AEOI) အကြီးအကဲ ဖာရီဒွန်းအက်ဘာဆီက ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ သို့သော် လက်ရှိအချိန်တွင် AEOI အနေဖြင့် ယူရေနီယံကို ၂ဝ ရာခိုင်နှုန်းထက်ပို၍သန့်စင်သွားရန် အစီအစဉ်မရှိကြောင်း အက်ဘာဆီကပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ အနေဖြင့် သင်္ဘောများအား နျူကလီးယားလောင်စာအသုံးပြုမောင်းနှင်နိုင်ရေး ဆောင်ရွက်ရန်အစီအစဉ်ရှိပြီး အဆိုပါသင်္ဘောများတွင်အသုံးပြုရန်အတွက် သန့်စင်ပြီးယူရေနီယံအများအပြားလိုအပ်ကြောင်း အီရန်ပါလီမန် အမတ်အဘိုကက်ဆန်ဂျာရာရီက  ဇူလိုင်လ ၂ဝ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ 

အီရန်နိုင်ငံသည် အခြားသော နိုင်ငံများနှင့် ကုန်သွယ်မှုဖြတ်တောက်ခြင်းအဖြစ်မခံနိုင်သောကြောင့် အဆိုပါသင်္ဘောများအတွက် လောင်စာ ထောက်ပံ့ပေးရန် ယူရေနီယံအားလိုအပ်သောအဆင့်ထိသန့်စင်သွားသင့်သည်ဟု အီရန်လွှတ်တော်၏ စက်မှုလုပ်ငန်းနှင့်သတ္တုတွင်းလုပ်ငန်း ကော်မရှင်အဖွဲ့ဝင် အလာဗာဒီဒက်ကာနီကပြောကြားခဲ့ကြောင်း၊ ထို့အပြင် အီရန်သင်္ဘောများအားလောင်စာဆီဖြည့်ပေးခြင်းမှ အနောက်အုပ်စုက အခြားသောနိုင်ငံများကိုတားမြစ်ထားမှု အားရှောင်ရှားရန်အတွက် နျူကလီးယားစွမ်းအင်သုံးကုန်တင်သင်္ဘောများကို ပုံစံရေးဆွဲထုတ်လုပ်ရေးအစိုးရကို တိုက်တွန်းထားသော ဥပဒေမူကြမ်းတစ်ရပ်ကိုရေးဆွဲရန် အီရန်ဥပဒေပြုအမတ်များက ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်