Wednesday, July 25, 2012

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်လူမျိုးစုများအား သတ်ဖြတ်မှုကို ပါလက်စတိုင်းလူမျိုးများက ကန့်ကွက်လျက်ရှိခြင်း

Posted by Anonymous Wednesday, July 25, 2012, under | No comments


PressTV.ir;July-23(Mon)

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်လူမျိုးစုများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် ပတ်သက် ၍ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းမွတ်စလင်များက လမ်းမများပေါ်ချီတက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း PressTV  သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ၄င်းဆန္ဒပြမှုအား ဂါဇာထောက်ပံ့ကူညီရေးဝန်ကြီးဌာနနှင့် ပါလက်စတိုင်း မွတ်စလင်ဘာသာရေးအဖွဲ့က ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ် နေခြင်းအားရပ်တန့်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရေငုံနှုတ်ပိတ်နေခြင်းမပြုရန် တောင်းဆိုမှုပြုလုပ် ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းရှိမွတ်စလင်များအနေဖြင့် နိုးကြားမှုရှိရန်နှင့် ရိုဟင်ဂျာမွတ်စလင်များကို သတ်ဖြတ်နေခြင်း အားရပ်တန့်ရန် မွတ်စလင်ဘာသာရေးအဖွဲ့မှ Salem Salameh က ပြောကြားခဲ့ပါသည်။ 

မကြာသေးမီကဖော်ပြခဲ့သော သတင်းများတွင် မြန်မာနိုင်ငံရှိ မွတ်စလင်များမှာ အတိဒုက္ခရောက်နေ ကြောင်း ဖော်ပြပါရှိပါသည်။ ရခိုင်ပြည်နယ်တွင် ဇွန်လ ၂၈ ရက်နေ့မှစ၍ ရိုဟင်ဂျာမွတ်စလင် ၆၅ဝ ခန့် အသတ် ခံရကြောင်း သတင်းများတွင် ဖော်ပြပါရှိပါသည်။ ထို့ပြင် အခြား ၁,၂ဝဝ မှာ ပျောက်ဆုံးနေပြီး ၉ဝ,ဝဝဝ ခန့်မှာ ရွှေ့ပြောင်းနေထိုင်ရလျက်ရှိကြောင်း သိရှိရပါသည်။ ရိုဟင်ဂျာမွတ်စလင်အသိုက်အဝန်းသည် အာရှ ပါလက်စတိုင်း များဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံးလူနည်းစုဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ပြထားပါသည်။ ရိုဟင်ဂျာများအား မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်ငြင်းဆိုခဲ့ပြီး တရားမဝင်နေထိုင်သူများဟု သတ်မှတ်ထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်