Wednesday, July 25, 2012

တရုတ်နိုင်ငံသည် အငြင်းပွားလျက်ရှိသော ကျွန်းများပေါ်၌ အစောင့်တပ်ဖွဲ့တစ်ဖွဲ့အား ထားရှိသွားမည်ဆိုခြင်း

Posted by drmyochit Wednesday, July 25, 2012, under | No comments


CNA.com;July-23(Mon)

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဖြစ်ပွားနေသော တင်းမာမှုများအား တုံ့ပြန်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားလျက်ရှိသောကျွန်းများပေါ်တွင် စစ်ဘက်အစောင့်တပ်ဖွဲ့တစ်ဖွဲ့ ထားရှိ သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ၎င်းတပ်ဖွဲ့အား တရုတ်နှင့်ဗီယက်နမ်တို့အကြား ပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားလျက်ရှိသော တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းစုနှစ်ခုအနက် ပရပ်ဆဲလ်ကျွန်းဆွယ်ရှSansha  ကျွန်းတွင် ထားရှိသွားမည်ဖြစ်ပါသည်။ တရုတ် ဗဟိုစစ်ကော်မရှင်မှ တာဝန်ပေးထားသော အဆိုပါအစောင့်တပ်ဖွဲ့အား Sansha ကျွန်း ကာကွယ်ရေးတာဝန်နှင့် အရန်တပ်အဖြစ်ထားရှိသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဝဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။

ပရပ်ဆဲလ်ကျွန်းစုအတွက် အုပ်ချုပ်ရေးဌာနတစ်ခုအား Sansha ၌ ဖွင့်လှစ်ရန် တရုတ်နိုင်ငံမှ လွန်ခဲ့သည့် လအတွင်း၌ သတ်မှတ်ခဲ့ပြီးSpratly ကျွန်းစုအငြင်းပွားမှုသည် တရုတ်နိုင်ငံ၏ကျူးကျော်မှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုအား ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖြစ်ပေါ်စေခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် တောင်ဗီယက်နမ်တို့သည် ယခင်က ပရပ်ဆဲလ်ကျွန်းစုအား ခွဲဝေအုပ်ချုပ်ခဲ့သော်လည်း ၁၉၇၄ ခုနှစ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံမှ ပရပ်ဆဲလ်ကျွန်းစုတစ်ခုလုံးအား အုပ်ချုပ်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် Spratly  ကျွန်းစုအချို့အား ပိုင်ဆိုင်ထားပါသည်။ တရုတ်နိုင်ငံမှ တောင်တရုတ်ပင်လယ်အများစုအား ပိုင်ဆိုင် ကြောင်း ပြောကြားလျက်ရှိပြီး ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်းနှင့် မလေးရှားနိုင်ငံတို့မှ မိမိတို့ပိုင်ဆိုင်သည့်အစိတ် အပိုင်းများအား အခိုင်အမာတောင်းဆိုလျက်ရှိပါသည်။
အငြင်းပွားမှုများသည် မကြာသေးမီသီတင်းပတ်အတွင်း၌ ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံမှ ပိုင်နက်ကျူးကျော် ခြင်းပင်ဖြစ်ကြောင်း၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့မှ ဝေဖန်ပြောကြားလျက်ရှိပါသည်။ 

Spratly  ကျွန်းစုအား ၎င်း၏ အချုပ်အခြာအာဏာအောက်တွင် တည်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံမှ ဥပဒေတစ်ရပ်အားချမှတ်ခဲ့ပြီးနောက် ဈေးပြိုင်တင်သွင်းမှုအား သီတင်းပတ်တစ်ပတ်အကြာ၌အငြင်းပွားလျက်ရှိသော ရေပိုင်နက်အတွင်းရှိ ရေနံသိုက်များ မှ ရေနံများထုတ်လုပ်ရန်ကြိုဆိုလက်ခံကြောင်း တရုတ်အမျိုးသားကမ်းလွန်ရေနံအဖွဲ့အစည်းမှ ဇွန်လတွင်း၌ ကြေညာခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်