Saturday, July 28, 2012

ကူဝိတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံတန်ဖိုးရှိသော ပက်ထရီရော့ ဒုံးကျည်များရောင်းချရန် အမေရိကန်နိုင်ငံမှ စီစဉ်လျက်ရှိခြင်း

Posted by drmyochit Saturday, July 28, 2012, under | No comments

          အမေရိကန်နိုင်ငံသည် ကူဝိတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံခန့် တန်ဖိုးရှိသော ပက်ထရီရော့ဒုံးကျည် ၆ဝ စင်း ရောင်းချရန်စီစဉ်လျက်ရှိကြောင်းနှင့် ကူဝိတ်နိုင်ငံသည် အီရန်နိုင်ငံမှ ခြိမ်းခြောက်မှုကို ကာကွယ်ရေးအတွက် ¤င်းတို့၏ ကာကွယ်ရေးကိုမြှင့်တင်ရန် ကြိုးစားလျက်ရှိကြောင်း ပင်တဂွန်ဌာနမှ ဇူလိုင်လ ၂၅ ရက် နေ့တွင်ပြောကြားခဲ့ပါသည်။နိုင်ငံခြားတိုင်းပြည်များသို့ အမေရိကန်လက်နက်များ ရောင်းချရေးတာဝန်ယူထားသော လုံခြုံရေးဆိုင်ရာ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (DSCA) သည် ¤င်းလက်နက်များရောင်း ချရေးအတွက် ဇူလိုင်လ ၂ဝ ရက်နေ့တွင် အမေရိကန်လွှတ်တော်သို့တင်သွင်းထားကြောင်း ¤င်းအဖွဲ့က ပြောကြားခဲ့ ပါသည်။
          လက်နက်ရောင်းချမှုအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်နိုင်ရန် လွှတ်တော်မှ ရက်ပေါင်း၃ဝ ကြာ စောင့်ဆိုင်းမည်ဖြစ်ပြီး ကန့်ကွက်ချက်မရှိပါက ¤င်းရက်ပေါင်း ၃ဝ အပြီးတွင် အရောင်းအဝယ်သဘောတူညီချက် သည်တရားဝင်သည်ဟု မှတ်ယူခြင်း ခံရမည်ဖြစ်ပါသည်။ ¤င်းသဘောတူညီချက်တွင်  PAC-3  အမျိုးအစား ပက်ထရီရော့ ဒုံးကျည် ၆ဝ စင်း၊ ဒုံးကျည်ပစ်စင် ၂ဝ ခု၊ ရေဒါစနစ်နှင့် ထိန်းချုပ်ရေးစခန်း ၄ ခု၊ လေ့ကျင့်ရေးအထောက် အကူပစ္စည်းများနှင့် အပိုပစ္စည်းများရောင်းချရေး တို့ ပါဝင်ကြောင်းDSCA အဖွဲ့အစည်းက ပြောကြားခဲ့ပါသည်။ ကူဝိတ်နိုင်ငံသည် ဒေသတွင်းခြိမ်းခြောက်မှုများကိုဟန့်တားရန်၊ နိုင်ငံကာကွယ်ရေး ပိုမိုတောင့်တင်း လာစေရန်နှင့် ဒုံးကျည်ကာကွယ်ရေးစွမ်းဆောင်နိုင်မှုများကို မြှင့်တင်ရန်အတွက် PAC3 ဒုံးကျည်နှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့အစည်းက ထပ်မံပြောကြားခဲ့ပါသည်။ ကူဝိတ်နိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် အစောပိုင်းမျိုးဆက် ပက်ထရီရော့ ဒုံးကျည် ၂၁ဝ စင်းနှင့် လောင်ချာ ၂၅ လက်ကိုလည်းကောင်း၊ ၂ဝဝ၇ ခုနှစ်တွင် ၁၄ဝ လက်ကိုလည်းကောင်း ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Yahoo!New;July-26(Thu)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်