Saturday, July 28, 2012

အွန်လိုင်းတွင်ဈေးလိမ်ရောင်းမှုဖြင့်အမျိုးသမီးငယ် ၂ ဦးအားဖမ်းဆီး

Posted by drmyochit Saturday, July 28, 2012, under | No comments


          ၁၆နှစ်အရွယ်အမျိုးသမီးငယ်၂ဦးအား အွန်လိုင်းတွင် ဈေးလိမ်လည် ရောင်းချ ခဲ့မှုကြောင့် စင်ကာပူရဲမှ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ¤င်းအမျိုးသမီး ၂ ဦးမှာ အွန်လိုင်း blog shopတစ်ခုရှိ င်္Facebookခေါင်းစဉ်တစ်ခုတွင် ပိုလာရိုက် ကင်မရာ၊ မှန်ဘီလူး၊ ရုပ်ရှင်ကားများကို ဈေးပေါပေါဖြင့် ကြော်ငြာ၍ အပြင်ဈေးနှုန်း ထက်လျှော့ကာ ရောင်းချခဲ့သည်။ အွန်လိုင်းမှဝယ်ယူသူများ၏ ငွေများကို လက်ခံခဲ့ သော်လည်း ပစ္စည်းများကိုဝယ်သူထံသို့ ဆက်လက်ပေးပို့ ခြင်းမရှိ သဖြင့် ဇွန်လ ၂ဝ ရက်မှ ဇူလိုင်လ ၃ ရက်အထိ ရဲစခန်း သို့တိုင်ကြားစာ အစောင် ၂ဝ ရောက်ရှိလာခဲ့သည်။ ရဲမှလိုက်လံစုံစမ်းကာ ဇူလိုင်လ ၂၅ ရက်နေ့နံနက် ၇ နာ ရီခန့်တွင် တစ်ဦး အားHenderson လမ်းနှင့် နောက်တစ်ဦးအား woodland  လမ်းသွယ် (၁၃)တွင် တစ်ချိန်တည်းတစ်ပြိုင်တည်းဖမ်းဆီးခဲ့သည်။
          ပဏာမစစ်ကြောချက်အရင်းဆယ်ကျော်သက် ၂ဦးမှာ မေလနှင့် ဇွန်လအတွင်း အနည်းဆုံးလူ ၇ဝ ခန့်အား ထိုကဲ့သို့ လိမ်လည်၍ စင်ကာပူဒေါ်လာ ၁၂,ဝဝဝ ရယူခဲ့ကြောင်း သိရသည်။ တို့ ၂ ဦးမှာ လိမ်လည် မှုနှင့် သူတစ်ပါး ပစ္စည်းဥစ္စာအား မရိုးမဖြောင့်ရယူမှုဖြင့် ဥပဒေပုဒ်မ၊ ၄၂ဝ အပိုဒ်ခွဲ(၂၂၄) အရ အနည်း ဆုံးထောင်ဒဏ်၁ဝနှစ်နှင့်အထက်ကျခံရနိုင်ဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့မှပြော ကြားခဲ့သည်။ အများပြည်သူအား online shopping တွင် သတိမူစရာအဖြစ် ဖော်ပြလိုက်ရပါသည်။
ကိုဇံ
 CNA.com; Jul-27(Fri)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်