Saturday, July 28, 2012

ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးဆိုင်ရာအကူအညီပေးရေးနှင့်ပတ်သက်သော ပြင်ဆင်ချက်များအပေါ် ဆွေးနွေးညှိနှိုင်းရန် ဥရောပကော်မရှင်ဥက္ကဋ္ဌသည် ဂရိနိုင်ငံသို့သွားရောက်ရန်ရှိခြင်း

Posted by drmyochit Saturday, July 28, 2012, under | No comments

    

ကြေးမြီအကျပ်အတည်းများ ဖြစ်ပေါ်နေသော ဂရိနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးရေးပြင်ဆင်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso သည် ဂရိနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည်ဖြစ်ပါသည်။ Barroso သည် ဂရိဝန်ကြီးချုပ် Antonis Samaras နှင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် အေသင်မြို့၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံအား ကြေးမြီအကျပ်အတည်းမှ လွတ်မြောက်နိုင်ရေးအတွက် ဥရောပသမဂ္ဂအနေဖြင့် ကူညီသွားမည်ဆိုခြင်းအား ထပ်လောင်းအတည်ပြုရန် နှစ်ဖက်ခေါင်းဆောင်များမှ မျှော်မှန်းထားခဲ့ပါသည်။
          ဥရောပသမဂ္ဂ၏ အကူအညီပေးမှုတွင် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သော ခြိုးခြံချွေတာရေးအစီအစဉ် လျော့ပါးသက်သာစေရန် ဂရိနိုင်ငံ၏ တောင်းဆိုချက်တစ်ရပ်နှင့် ပတ်သက်၍လည်း နှစ်ဖက်ခေါင်းဆောင်များမှ  ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ဥရောပသမဂ္ဂ၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဥရောပဗဟိုဘဏ် (ECB) တို့မှစုံစမ်းစစ်ဆေးသူများသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် အေသင်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။ ¤င်းတို့သည် ဂရိနိုင်ငံအနေဖြင့် ကြေးမြီလျော့ပါးရေးအား မည်ကဲ့သို့ပြီးမြောက်အောင် ဆောင်ရွက်လျက်ရှိနေသည်ကို ကြည့်ရှု စစ်ဆေးသွားမည်ဖြစ်ကာ စုံစမ်းစစ်ဆေးမှုရလဒ်များအား ဥရောပသမဂ္ဂသို့ အစီရင်ခံတင်ပြရမည် ဖြစ်ကြောင်းသိရှိရပါသည်။ ဥရောပသမဂ္ဂအနေဖြင့် စုံစမ်းစစ်ဆေးသူများ၏ အစီရင်ခံချက်၊ ဂရိနိုင်ငံနှင့်တွေ့ဆုံဆွေးနွေးမှုအား အရှိန်မြှင့် ဆောင်ရွက်ရန်မျှော်လင့်ရပါသည်။ ထို့ပြင် ဥရောပသမဂ္ဂသည် စက်တင်ဘာလတွင် အကူအညီပေးရေး အဆိုပြုချက်ပြင်ဆင်မှုတစ်ရပ်အား သဘောတူညီမည်ဟု မျှော်လင့်ရပါသည်။သို့သော်လည်း စေ့စပ်ညှိနှိုင်းမှုများသည် ခက်ခဲမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။
 NHK.or.jp;July-25(Wed)  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်