Saturday, July 28, 2012

ဂရင်းလန်ကျွန်း၏ရေခဲအရည်ပျော်ကျမှုသတင်း

Posted by drmyochit Saturday, July 28, 2012, under | No comments

Ens-newswire.com;July-24(Tue)
          ဂရင်းလန်ကျွန်းတစ်ခုလုံးဖုံးအုပ်ထားသည့် အနားစွန်းမှထိပ်အထိ ၂ မိုင်ခန့် ရှိသောရေခဲပြင်သည် ယခုလအတွင်း အပူချိန်ကြောင့် အရည်ပျော်လျက်ရှိရာ နာဆာနှင့် တက္ကသိုလ်သိပံ္ပပညာရှင်များက ဂြိုဟ်တု ၃ လုံး အပေါ်အခြေခံရရှိထားသည့် သတင်းအချက်အလက်နှင့် ဓာတ်ပုံများအရ ထိပ်ဆုံးအပေါ်လွှာ ၉၇ရာ ခိုင်နှုန်းမှာ ယခုလအတွင်းအရည်ပျော်ကျခဲ့ပါသည်။ ဆယ်စုနှစ် ၃ ခုအတွင်းအကြီးမားဆုံး အရည်ပျော် ကျမှုဖြစ် သည်။ ရိုက်ကူးသည့် ဂြိုဟ်တု ၃လုံးမှာ(U.S. Air Force's Defence Meteorological Satellite program-DMSP)? India's OceanSat-2 အေ-၂ နှင့် NASA's Terra and Aqua satellites တို့ဖြစ်သည်။ ¤င်းဂြိုဟ်တု ၃ လုံး သည် မတူညီသောအချိန်၊ မတူညီသော စကေးများဖြင့်ဖမ်းယူခဲ့သော်လည်း ရရှိလာသည့် အရည်ပျော် ကျမှုအခြေအနေမှာ အတူတူပင်ဖြစ်သည်။
          ဂရင်းလန်ကျွန်းသည် အာတိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာအကြားတွင် တည်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဖြစ် ဒိန်းမတ်နိုင်ငံအတွင်းပါဝင်သည့် ကျွန်းဖြစ်သည်။ ဗြိတိသျှမိုးလေဝသသိပံ္ပပညာရှင် Jonathan Gregory ၏ခန့်မှန်းချက်အရ ဂရင်းလန်ကျွန်းပေါ်ရှိရေခဲပြင် အားလုံးအရည်ပျော်မည်ဆိုပါက ပင်လယ် ရေမျက်နှာ ပြင်မှာ ၂၃ပေ ထပ်မံမြင့်တက်လာမည်ဖြစ်သည်။ နွေရာသီအချိန်ကာလတိုင်းတွင် ကျွန်းပေါ် ရှိရေခဲပြင်အစိတ်အပိုင်း အနည်းငယ်သာသဘာဝအလျောက် အရည်ပျော်လေ့ ရှိသည်။ မြင့်မားသော အမြင့်ပေါ်မှ ပျော်ကျလာသည့်အရည်များသည် လျင်မြန်စွာပင် ပြန်လည်ရေခဲဖြစ်သွားပြီး ¤င်းကျွန်းတွင်ပင် ဖုံးလွှမ်းသွားသည်။ ကမ်းခြေအနီးရှိရေခဲချပ် များက ပျော်၍ကျလာသည့် ရေများအား ပင်လယ်သို့ ရောက်မသွားအောင် ထိန်းသိမ်းပေးသည်။ဤကဲ့သို့ရေခဲ မျက်နှာပြင်ထိပ်မှ အောက်ခြေအလယ်အထိ အရည် ပျော်မှုဖြစ်စဉ်သည် နှစ်ပေါင်း ၁၅ဝ တွင် တစ်ကြိမ်စီဖြစ်ပေါ်တတ် ကြောင်း၊ ၁၈၈၉ ခုနှစ်တွင် တစ်ကြိမ်ဖြစ် ပွားခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်