Saturday, July 28, 2012

တရုတ်စစ်ဘက် အဆင့်မြင့်အရာရှိတစ်ဦးသည် အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးနှင့် တွေ့ဆုံခဲ့သည်ဆိုခြင်း

Posted by drmyochit Saturday, July 28, 2012, under | No comments

        
တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ Xu Caihou သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် အမေရိကန် အမျိုး သားလုံခြုံရေးအကြံပေး Thomas Donilon နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ဘက်ဆက်ဆံရေးနှင့် အခြားအဓိကကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ နှစ်နိုင်ငံစစ်ဘက် များအကြား ဆက်ဆံရေးသည် အမေရိကန်နှင့်တရုတ်နိုင်ငံ တို့အကြားဆက်ဆံရေးတွင် အရေးကြီးသည့် အစိတ်အပိုင်း တစ်ရပ်ပင်ဖြစ်ကြောင်း Xu က အဆိုပါဆွေးနွေးပွဲ၌ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့်တရုတ်နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံအကြား မဟာဗျူဟာ မြောက်ဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှုများအား တိုးမြှင့်ဆောင်ရွက် သွားမည် ဖြစ်ပြီး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ တန်းတူညီတူရှိမှုတို့အပေါ်အခြေခံ၍ ပူးပေါင်းဆောင် ရွက်မှုနှင့် လက်တွေ့ဆန်သော အမြင်ခြင်းဖလှယ်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးနှင့်ပတ်သက်၍ အမေရိ ကန် နိုင်ငံ အနေဖြင့် အလေးထား ကြောင်းနှင့် တရုတ်နိုင်ငံနှင့်ဆွေးနွေးပွဲများအား ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး အပြန် အလှန်ယုံကြည်မှုအား တိုးမြှင့်သွားမည်ဖြစ်ကြောင်း Donilon ကပြောကြားခဲ့ပါသည်။ အာရှ-ပစိဖိတ်ဒေသနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ၏မဟာဗျူဟာမြောက်ရည်မှန်းချက်မှာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ချမ်းသာကြယ်ဝမှုကိုမြှင့်တင်ရေးပင်ဖြစ်ကြောင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အမေ ရိကန်အမျိုးသားလုံခြုံရေးအ Thomas Donilon က ပြောကြားခဲ့ပါသည်။ ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ် မှုအားထိန်းသိမ်းရန်အတွက် တရုတ် နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများနှင့် အမြင်ချင်းဖလှယ်မှုများအား တိုးမြှင့် ဆောင်ရွက်သွားရန် အမေရိကန်နိုင်ငံအနေဖြင့်အသင့်ရှိကြောင်း Donilon က ပြောကြားခဲ့ပါသည်။
Xinhuanet.com;July-25(Wed) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်