ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့်
သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့်နေ့ချင်ပြန် နိုင်ငံ
ဖြတ်ကျော်သွား လာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့က ပြန်လည်
ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။အခြေအနေ တည်ငြိမ်စ ပြုလာသည့် အတွက်
မြန်မာ နစကနှင့် တက်ကနက် အခြေစိုက် ဘီဂျီဘီ အမှတ် (၄၂) တပ်ဖွဲ့တို့မှ ဆွေးနွေး ညှိနှိုင်းချက်အရ နှစ်နိုင်ငံ ပတ်စ်ပို့ဖြင့်
သွားလာခွင့် ပြုထားသော နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။စတင်
ဖွင့်လှစ်ခဲ့သည် နံနက်ပိုင်း ၁၀နာရီမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ တက်ကနက်
မြို့မှနေ မြန်မာနိုင်ငံ မောင်တောသို့ ခရီးသွားသူ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား
၃၆ဦး ရှိခဲ့ပြီး မြန်မာ နိုင်ငံ မောင်တော ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ဘက်သို့
ဝင်ရောက်လာသူ ခရီးသည် ၄၉ဦး ရှိကြောင်း သိရသည်။အ၀င်အထွက် ပြုလုပ်သူ အားလုံးမှာ
နှစ်ဘက်နိုင်ငံက ထုတ်ပေးထားသော ပတ်စ်ပို့များကိုအသုံးပြု သွားလာခဲ့ကြသည်ဟု
ဆိုသည်။ နှစ်နိုင်ငံ စီးပွားရေးအရ ကူးလူးဆက်သွယ်နေသည့် နယ်စပ်ဂိတ်ကို
ကာလာတာရှည်စွာ ပိတ်ထားရသည့် အတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ၏ အခွန်ဘဏ္ဍာဝင်ငွေမှာ
အကြီးအကျယ် နစ်နာမှုဖြစ်ခဲ့ရဟု သိရသည်။
Time in Rangoon


0 comments:
Post a Comment