မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသောသဘာဝ ဘေးအန္တရာယ် များကြောင့်တိုင်းပြည်၏ ဘဏ္ဍာရေးကို ထိခိုက်လာနိုင်ကြောင်း ADB နှင့် သဘာဝ ဘေး
အန္တရာယ် လေ့လာရေးအဖွဲ့ Maplecroft အဖွဲ့က၂၂-၈-၂၀၁၂ ရက်တွင် သုံးသပ် ပြော
ကြားလိုက်သည်။
တောင်အာရှ ဒေသတစ်ဝန်းတွင် မိုးများနေသောကြောင့် ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်နေရာ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးမှု အားကောင်းစ
ပြုနေသော နိုင်ငံ ၁၀ နိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ကြောင်း
သိရသည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အရှိန်ကောင်းစ ပြုလာပြီ
ဆိုပေမယ့် သဘာဝ ဘေးအန္တရာယ် မျိုးစုံကြောင့် ထိခိုက်မှုတွေ၊ ဘဏ္ဍာရေး
ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်။ ဒါက ကိစ္စသေးသေးလေးလို့ ထင်ရပေမယ့် တကယ်တော
့ပြဿနာ အကြီးကြီးပါပဲ” ဟု ADB မှ အဆင့်မြင့် အရာရှိများက ရန်ကုန်မြို့
ထရိတ်ဒါး ဟိုတယ်တွင် ကျင်းပမည့် စာနယ်ဇင်း ပွဲတစ်ခုတွင် ပြောကြားလိုက်သည်။
Maplecroft အဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံ အပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊
ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများ အနေဖြင့် သဘာဝ
ဘေးအန္တရာယ်များကို ထိခိုက်စွာခံစားရနိုင်ပြီး ပြန်လည် နာလန်ထူရေးတွက်
ဆောင်ရွက်နိုင်စွမ်းတွင် နိမ့်ကျမှုများ ဖြစ်ပေါ်နိုင်လိမ့်မည်ဟု
ကြိုတင်ခန့်မှန်း အကြံပေးထားသည်။
“မြန်မာနိုင်ငံက အာရှဒေသရဲ့ သဘာဝ ပတ်ဝန်းကျင် ဘေးအန္တရာယ် အရှိနိုင်ဆုံး
နိုင်ငံတွေထဲမှာ ပါနေတယ်လို့ ဂျာမနီက ပညာရှင် အဖွဲ့တစ်ဖွဲ့က ခန့်မှန်းထားတာ
ရှိပါတယ်” ဟု ADB မှ လက်ထောက် စီးပွားရေး အကြီးအကဲ ဖြစ်သူ
မစ္စပါ့စ်ဆိုင်ယွန်းက ပြောကြားသည်။
Time in Rangoon


0 comments:
Post a Comment