Saturday, September 01, 2012

ဒေါက်တာ ထွန်းအောင် (ခ) နူရာဟတ် အား နိုင်ငံခြားငွေမှုဖြင့် ထောင်ဒဏ် ချမှတ်

Posted by drmyochit Saturday, September 01, 2012, under | No comments


မောင်တော ဆူပူ အကြမ်းဘက်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ဒေါက်တာထွန်းအောင်(ခ) နူရာဟတ်အား ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားငွေလှဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ -၂၄ (၁) ကိုကျူးလွန်ကြောင်း ၀န်ခံသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်ကျခံစေရန် သြဂုတ်လ (၃၀) ရက်နေ့က စစ်တွေ ခရိုင်တရားရုံးမှ အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
နူရာဟတ်(ခ) ထွန်းအောင်အား ပြစ်မှုပုဒ်မ -၁၅၃-က / ၅၀၅ (ဂ) /၁၄၈ ဖြင့်၎င်း၊ ကြိုးမဲ့ကြေးနန်း ၆(၁) ဖြင့်၎င်း၊ နိုင်ငံခြားငွေ -၂၄(၁) ဖြင့်၎င်း၊ပြစ်မှုပုဒ်မ -၄၆၈ /၄၂၀ ဖြင့်၎င်း၊ အရေးပေါ် စီမံမှု -၅ (ည) ဖြင့်၎င်း အမှုငါးမှုဖြင့် စွဲချတင်စစ်ဆေးလျက်ရှိရာ နိုင်ငံခြားငွေ အမှုတစ်ခုကိုသာ အပြီးသတ်စီရင် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်