Saturday, September 01, 2012

အရှေ့ အလယ်ပိုင်း ဒေသတွင် အရေးပါသော အခန်းကဏ္ဍမှ အီရန် ပါဝင်လျက် ရှိကြောင်း ဘန်ကီမွန်း ပြောကြား

Posted by drmyochit Saturday, September 01, 2012, under | No comments


(တီဟီရန်  သြဂုတ်  ၃ဝ)

အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသတွင် အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်လျက် ရှိကြောင်း (၁၆)ကြိမ်မြောက် ဘက်မလိုက် နိုင်ငံများ လှုပ်ရှား မှုအဖွဲ့ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် တီဟီရန်မြို့သို့ ရောက်ရှိလာစဉ် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက  ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိပ်သီး အစည်းအဝေး၌ ဆီးရီးယား အရေးနှင့် စပ်လျဉ်း၍ အီရန်သမ္မတ မာမွတ်အာ မက်ဒီနီဂျက်၊  အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင် အယာတို လာခါမေနီတို့နှင့် ဆွေးနွေး သွားမည် ဖြစ်ကြောင်း ဘန်က ထပ်လောင်း ပြောကြား ခဲ့သည်။
ဘန်ကီမွန်း သည် (၁၆)ကြိမ်မြောက် ဘက်မလိုက် နိုင်ငံများ လှုပ်ရှားမှုအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အီရန်သံအမတ်၏ ဖိတ်ကြားခြင်း ခံရပြီး၎င်း အစည်းအဝေးသို့ တက်ရောက်ရန်  ဖိတ်ကြားသည့် အတွက် အီရန်အစိုးရကို ကျေးဇူး တင်ရှိကြောင်း၊ နွေးထွေးစွာ ကြိုဆိုသည့် အတွက်လည်း ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်