Tuesday, September 11, 2012

အာဖဂန်ကို ရှစ်ပိုင်းခွဲမည့် အနောက်အုပ်စု၏ မဟာစီမံကိန်း

Posted by drmyochit Tuesday, September 11, 2012, under | No comments




အကြမ်းဖက် တိုက်ခိုက်မှုဒဏ်နှင့် စစ်ဒဏ်ကို အကြီးအကျယ်ရင်ဆိုင် နေရသည့် အာဖဂန် နစ္စတန်အား သီးခြားဒေသကြီး သို့မဟုတ် နိုင်ငံရှစ်နိုင်ငံ အဖြစ်ခွဲထုတ်မည့် အငြင်းပွားဖွယ် စီမံကိန်းတစ်ရပ်ကို ဗြိတ
ိသျှနှင့် အမေရိကန် အစိုးရအဖွဲ့များ အကြား ဆွေးနွေးလျက် ရှိသည်ကို တွေ့ရသည်။

"Plan C" ဟု လျှို့ဝှက်အမည် ပေးထားသည့် အဆိုပါ စီမံကိန်းကြီးကို ကွန်ဆာဗေးတစ် လွှတ်တော် အမတ် တစ်ဦးလည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတွင်းဝန် တစ်ဦးလည်း ဖြစ်သူ တိုဘီယက်စ် အယ်လ်ဝုဒ်က စီစဉ်ဖန်တီး ခဲ့ခြင်းဖြစ်ပြီး ၄င်းစီမံကိန်းနှင့် စပ်လျဉ်း၍ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်သည် အမေရိကန် အစိုးရနှင့် ဆွေးနွေးခဲ့သည်။

အယ်လ်ဝုဒ်၏ စီမံကိန်းအရ အာဖဂန် နစ္စတန်မှ နေတိုးတပ်ဖွဲ့များသည် ယင်းနိုင်ငံမှ ထွက်ခွာသွားပါက အာဖဂန် အစိုးရ၏ အနာဂတ်သည် အားရဖွယ် အနေအထား မရှိသောကြောင့် သီးခြား ဒေသကြီးများ အဖြစ် ခွဲထုတ်လိုက်သည့် ဒေသများတွင်လုပ် ရည်ကိုင်ရည်ရှိပြီး ထက်မြက်သည့် ဝန်ကြီးချုပ် အသစ်များအား ခန့်အပ် တာဝန် ပေးသွားမည် ဖြစ်သည်။ သို့မှသာ ၂ဝ၁၄ ခုနှစ်အကုန်၌ နေတိုးတပ်များ ဆုတ်ခွာပြီး နောက်ပိုင်းတွင် မြင့်တက် လာနိုင်ဖွယ်ရှိသည့် မျိုးနွယ်စု ပဋိပက္ခများ၊ အစိုးရအဖွဲ့၏ ထိန်းချုပ်မှု အားနည်း လာခြင်းများနှင့် အကျင့်ပျက် ခြစားမှုများကို အဆိုပါ ဒေသ ခေါင်းဆောင်များက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု စီမံကိန်းတွင် ဖော်ပြထားသည်။ သို့ရာတွင် လက်ရှိ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း၏ အခန်းကဏ္ဍသည် ပြယုဂ် အဆင့်သို့ လျော့ကျသွားမည် ဖြစ်သည်။ ၄င်းစီမံကိန်းနှင့် ပတ်သက်၍ အယ်လ်ဝုဒ်သည် ဗြိတိန် နိုင်ငံသို့ လာရောက်ခဲ့သည့် ပါကစ္စတန် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် လန်ဒန် မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သို့သော် "Plan C" စီမံကိန်းကို အနောက်အုပ်စုက အကောင် အထည်ဖော် လုပ်ဆောင်မည် ဆိုပါက ဒီမိုကရေစီ စနစ်ကို အာဖဂန်နစ္စတန် နိုင်ငံ အတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး နေတိုးတပ်ဖွဲ့အား သတ်မှတ်ထားသည့် ၂ဝ၁၄ အကုန်တွင် ရုပ်သိမ်းနိုင်ရန် အထောက် အကူပြုမည့် စစ်ရေးအရ ဆုတ်ခွာရေး မဟာဗျူဟာ ကိုသာ ချမှတ်နိုင်ရန် အနောက်အုပ်စု အနေဖြင့် အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင် သူများက ထောက်ပြ ထားသည်ကိုတွေ့ ရသည်။

အယ်လ်ဝုဒ်၏ စီမံကိန်းအရ ကဘူးလ်၊ ကန်ဒါဟာ၊ ဟေရက်၊ မာဇာအီရှာရစ်ဖ်၊ ကန်ဒက်ဇ်၊ ဂျာလာလာဘတ်၊ ခို့စ်နှင့် ဘမ်းယန် ဒေသများအား စီးပွားရေးအရ အရေးပါသည့် ဒေသကြီးများအဖြစ် ခွဲထုတ်၍ ၄င်းဒေသကြီး တစ်ခုစီတွင် ကွဲပြားခြားနားသည့် မျိုးနွယ်စုများကို ကိုယ်စားပြုသော ကောင်စီတစ်ရပ်ကို တည်ထောင်မည် ဖြစ်သည်။ အဆိုပါကောင်စီ အဖွဲ့များအား ပြည်ပနိုင်ငံ များက ကြီးကြပ် သွားမည်ဖြစ်သည်။ ထို့အပြင် ဒေသကြီး တစ်ခုစီတွင် ဝန်ကြီးချုပ် တစ်ဦးကိုလည်း ခန့်အပ် တာဝန်ပေးရန် အယ်လ်ဝုဒ်က ဖော်ပြခဲ့သည်။

သို့ရာတွင် အာဖဂန် နစ္စတန်အား ထိုသို့ ဒေသခွဲများအဖြစ် ခွဲထုတ်ခြင်းသည် နိုင်ငံအား ယခင်ကဓားမိုး၍ အုပ်ချုပ်ခဲ့သည့် စစ်နယ်ရှင်များကို လုပ်ပိုင်ခွင့် အာဏာများအား လွဲပြောင်း ပေးခြင်းအဖြစ် ပြောင်းလဲနိုင်စေ ရုံသာမက တစ်ချိန်တည်းမှာပင် တာလီဘန် စစ်သွေးကြွများ၏ အင်အား ပိုမိုမြင့်တက် လာစေနိုင်ဖွယ် ရှိသောကြောင့် အာဖဂန်၏ အနာဂတ်နှင့် စပ်လျဉ်း၍ အကဲဖြတ်များနှင့် ကျွမ်းကျင် သူများက ရတက်မအေး ရှိနေကြသည်ကို တွေ့ရပေသည်။ ။ (နိုင်ထူး - မြဝတီနေ့စဉ်)
Photo: အာဖဂန်ကို ရှစ်ပိုင်းခွဲမည့် အနောက်အုပ်စု၏ မဟာစီမံကိန်း

အကြမ်းဖက် တိုက်ခိုက်မှုဒဏ်နှင့် စစ်ဒဏ်ကို အကြီးအကျယ်ရင်ဆိုင် နေရသည့် အာဖဂန် နစ္စတန်အား သီးခြားဒေသကြီး သို့မဟုတ် နိုင်ငံရှစ်နိုင်ငံ အဖြစ်ခွဲထုတ်မည့် အငြင်းပွားဖွယ် စီမံကိန်းတစ်ရပ်ကို ဗြိတိသျှနှင့်  အမေရိကန် အစိုးရအဖွဲ့များ အကြား  ဆွေးနွေးလျက် ရှိသည်ကို တွေ့ရသည်။

"Plan C" ဟု လျှို့ဝှက်အမည် ပေးထားသည့် အဆိုပါ စီမံကိန်းကြီးကို ကွန်ဆာဗေးတစ် လွှတ်တော် အမတ် တစ်ဦးလည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတွင်းဝန် တစ်ဦးလည်း ဖြစ်သူ တိုဘီယက်စ် အယ်လ်ဝုဒ်က စီစဉ်ဖန်တီး ခဲ့ခြင်းဖြစ်ပြီး ၄င်းစီမံကိန်းနှင့် စပ်လျဉ်း၍ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်သည်   အမေရိကန် အစိုးရနှင့် ဆွေးနွေးခဲ့သည်။

အယ်လ်ဝုဒ်၏ စီမံကိန်းအရ အာဖဂန် နစ္စတန်မှ နေတိုးတပ်ဖွဲ့များသည် ယင်းနိုင်ငံမှ   ထွက်ခွာသွားပါက အာဖဂန် အစိုးရ၏ အနာဂတ်သည် အားရဖွယ် အနေအထား မရှိသောကြောင့် သီးခြား ဒေသကြီးများ အဖြစ် ခွဲထုတ်လိုက်သည့် ဒေသများတွင်လုပ် ရည်ကိုင်ရည်ရှိပြီး ထက်မြက်သည့် ဝန်ကြီးချုပ် အသစ်များအား ခန့်အပ် တာဝန် ပေးသွားမည် ဖြစ်သည်။ သို့မှသာ ၂ဝ၁၄ ခုနှစ်အကုန်၌ နေတိုးတပ်များ ဆုတ်ခွာပြီး နောက်ပိုင်းတွင် မြင့်တက် လာနိုင်ဖွယ်ရှိသည့် မျိုးနွယ်စု ပဋိပက္ခများ၊ အစိုးရအဖွဲ့၏ ထိန်းချုပ်မှု အားနည်း လာခြင်းများနှင့် အကျင့်ပျက် ခြစားမှုများကို အဆိုပါ ဒေသ ခေါင်းဆောင်များက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု စီမံကိန်းတွင် ဖော်ပြထားသည်။ သို့ရာတွင် လက်ရှိ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း၏ အခန်းကဏ္ဍသည် ပြယုဂ် အဆင့်သို့ လျော့ကျသွားမည် ဖြစ်သည်။ ၄င်းစီမံကိန်းနှင့် ပတ်သက်၍ အယ်လ်ဝုဒ်သည် ဗြိတိန် နိုင်ငံသို့ လာရောက်ခဲ့သည့် ပါကစ္စတန် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် လန်ဒန် မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သို့သော် "Plan C" စီမံကိန်းကို အနောက်အုပ်စုက အကောင် အထည်ဖော် လုပ်ဆောင်မည် ဆိုပါက ဒီမိုကရေစီ စနစ်ကို အာဖဂန်နစ္စတန် နိုင်ငံ အတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး နေတိုးတပ်ဖွဲ့အား သတ်မှတ်ထားသည့် ၂ဝ၁၄ အကုန်တွင် ရုပ်သိမ်းနိုင်ရန် အထောက် အကူပြုမည့် စစ်ရေးအရ ဆုတ်ခွာရေး မဟာဗျူဟာ ကိုသာ ချမှတ်နိုင်ရန် အနောက်အုပ်စု အနေဖြင့် အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင် သူများက ထောက်ပြ ထားသည်ကိုတွေ့ ရသည်။

အယ်လ်ဝုဒ်၏ စီမံကိန်းအရ ကဘူးလ်၊ ကန်ဒါဟာ၊ ဟေရက်၊ မာဇာအီရှာရစ်ဖ်၊ ကန်ဒက်ဇ်၊ ဂျာလာလာဘတ်၊ ခို့စ်နှင့် ဘမ်းယန် ဒေသများအား စီးပွားရေးအရ အရေးပါသည့် ဒေသကြီးများအဖြစ် ခွဲထုတ်၍ ၄င်းဒေသကြီး တစ်ခုစီတွင် ကွဲပြားခြားနားသည့် မျိုးနွယ်စုများကို ကိုယ်စားပြုသော ကောင်စီတစ်ရပ်ကို တည်ထောင်မည် ဖြစ်သည်။ အဆိုပါကောင်စီ အဖွဲ့များအား ပြည်ပနိုင်ငံ များက ကြီးကြပ် သွားမည်ဖြစ်သည်။ ထို့အပြင် ဒေသကြီး တစ်ခုစီတွင် ဝန်ကြီးချုပ် တစ်ဦးကိုလည်း ခန့်အပ် တာဝန်ပေးရန် အယ်လ်ဝုဒ်က ဖော်ပြခဲ့သည်။

သို့ရာတွင် အာဖဂန် နစ္စတန်အား ထိုသို့ ဒေသခွဲများအဖြစ် ခွဲထုတ်ခြင်းသည် နိုင်ငံအား ယခင်ကဓားမိုး၍ အုပ်ချုပ်ခဲ့သည့် စစ်နယ်ရှင်များကို လုပ်ပိုင်ခွင့် အာဏာများအား လွဲပြောင်း ပေးခြင်းအဖြစ် ပြောင်းလဲနိုင်စေ ရုံသာမက တစ်ချိန်တည်းမှာပင် တာလီဘန် စစ်သွေးကြွများ၏ အင်အား ပိုမိုမြင့်တက် လာစေနိုင်ဖွယ် ရှိသောကြောင့် အာဖဂန်၏ အနာဂတ်နှင့် စပ်လျဉ်း၍ အကဲဖြတ်များနှင့် ကျွမ်းကျင် သူများက ရတက်မအေး ရှိနေကြသည်ကို တွေ့ရပေသည်။     ။      (နိုင်ထူး - မြဝတီနေ့စဉ်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်