Tuesday, September 11, 2012

အမေရိကန်မှဖြန့်ကြက်ထားသော လေကြောင်းကာကွယ်ရေးစနစ်များသည် ၎င်းတို့အား ရပ်တန့်နိုင်ခြင်းမရှိဟု အီရန် ကာကွယ်ရေးဝန်ကြီး ပြောကြား

Posted by drmyochit Tuesday, September 11, 2012, under | No comments




တီဟီရန် စက်တင်ဘာ ၉

အမေရိကန်နိုင်ငံက ပါရှန်ပင်လယ်ကွေ့အတွင်း လေကြောင်းကာကွယ်ရေး ဖြန့်ကြက်ရန် အစီအစဉ်သည် အီရန်၏ မစ်ဇိုင်
းဒုံးကျည်များကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိသေးကြောင်း အီရန်ကာကွယ်ရေး ဝန်ကြီး၏ ပြောကြား ချက်ကို Fars သတင်း အေဂျင်စီမှ ဖော်ပြခဲ့သည်။

အမေရိကန်တို့၏ လေကြောင်း ကာကွယ်ရေး စနစ်သည် အမှန်တကယ် မဟုတ်ဘဲ ချဲ့ကားပြောဆိုမှုများသာ ဖြစ်သည်ဟု အီရန်နိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးဌာန အာကာသလေကြောင်း အဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ် မယ်ဒီဖာရာဟီက ပြောကြားခဲ့သည်။
အမေရိကန်တို့၏ လေကြောင်း ကာကွယ်ရေးဆိုင်ရာ အဆိုများမှာ တစ်စိတ်တစ်ပိုင်း မှန်ကန်သော်လည်း တရစပ် ကျရောက်လာမည့် အီရန်၏ မစ်ဇိုင်းဒုံးကျည်များကိုမူ ကြာရှည် ခုခံနိုင်စွမ်း မရှိဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ဆော်ဒီအာရေဗျ နိုင်ငံအတွင်း ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ တစ်ခုတွင် အမေရိကန် အနေဖြင့် ပါရှန် ပင်လယ်ကွေ့အတွင်း မစ်ဇိုင်း ကာကွယ်ရေး စနစ်များ ဖြန့်ကြက်ထားရန် စီစဉ်လျက် ရှိသည်ဟု ပြောကြားခဲ့သည်။

ယင်းအစီအစဉ်အား ပါရှန်ပင်လယ်ကွေ့ ကမ်းခြေဒေသ နိုင်ငံများက ထောက်ခံကြို ဆိုခဲ့ကြပြီး ၎င်းနိုင်ငံများက အီရန်၏ စစ်ရေးဆိုင်ရာ လွှမ်းမိုး လာမှုနှင့် အင်အားကြီးထွား လာမှုကို စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်ဟု ပြောကြားခဲ့ ကြသည်။

အီရန်နိုင်ငံကလည်း ၎င်းတို့၏ စွမ်းဆောင်ရည်မြင့် ခရုဇ်မစ်ဇိုင်း တစ်မျိုးအား ထုတ်ဖော် ပြသသွားရန် စီစဉ် နေသည်ဟု ယနေ့တွင် ကြေညာခဲ့သည်။ အဆိုပါ ခရုဇ်ဒုံးကျည်သည် အကွာအဝေး ၂ဝဝဝ ကီလိုမီတာ အထိ ရောက်ရှိနိုင်ပြီး မကြာမီထုတ် ဖော်ပြသသွားမည်ဟု သိရသည်။
Photo: အမေရိကန်မှဖြန့်ကြက်ထားသော လေကြောင်းကာကွယ်ရေးစနစ်များသည် ၎င်းတို့အား ရပ်တန့်နိုင်ခြင်းမရှိဟု အီရန် ကာကွယ်ရေးဝန်ကြီး ပြောကြား

တီဟီရန် စက်တင်ဘာ ၉

အမေရိကန်နိုင်ငံက ပါရှန်ပင်လယ်ကွေ့အတွင်း လေကြောင်းကာကွယ်ရေး ဖြန့်ကြက်ရန် အစီအစဉ်သည် အီရန်၏ မစ်ဇိုင်းဒုံးကျည်များကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိသေးကြောင်း အီရန်ကာကွယ်ရေး ဝန်ကြီး၏ ပြောကြား ချက်ကို Fars သတင်း အေဂျင်စီမှ ဖော်ပြခဲ့သည်။

အမေရိကန်တို့၏ လေကြောင်း ကာကွယ်ရေး စနစ်သည် အမှန်တကယ် မဟုတ်ဘဲ ချဲ့ကားပြောဆိုမှုများသာ ဖြစ်သည်ဟု အီရန်နိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးဌာန အာကာသလေကြောင်း အဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ် မယ်ဒီဖာရာဟီက ပြောကြားခဲ့သည်။
အမေရိကန်တို့၏ လေကြောင်း ကာကွယ်ရေးဆိုင်ရာ အဆိုများမှာ တစ်စိတ်တစ်ပိုင်း မှန်ကန်သော်လည်း တရစပ် ကျရောက်လာမည့် အီရန်၏ မစ်ဇိုင်းဒုံးကျည်များကိုမူ ကြာရှည် ခုခံနိုင်စွမ်း မရှိဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ဆော်ဒီအာရေဗျ နိုင်ငံအတွင်း ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ တစ်ခုတွင် အမေရိကန် အနေဖြင့် ပါရှန် ပင်လယ်ကွေ့အတွင်း မစ်ဇိုင်း ကာကွယ်ရေး စနစ်များ ဖြန့်ကြက်ထားရန် စီစဉ်လျက် ရှိသည်ဟု ပြောကြားခဲ့သည်။

ယင်းအစီအစဉ်အား ပါရှန်ပင်လယ်ကွေ့ ကမ်းခြေဒေသ နိုင်ငံများက ထောက်ခံကြို ဆိုခဲ့ကြပြီး ၎င်းနိုင်ငံများက အီရန်၏ စစ်ရေးဆိုင်ရာ လွှမ်းမိုး လာမှုနှင့် အင်အားကြီးထွား လာမှုကို စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်ဟု ပြောကြားခဲ့ ကြသည်။

အီရန်နိုင်ငံကလည်း ၎င်းတို့၏ စွမ်းဆောင်ရည်မြင့် ခရုဇ်မစ်ဇိုင်း တစ်မျိုးအား ထုတ်ဖော် ပြသသွားရန် စီစဉ် နေသည်ဟု ယနေ့တွင် ကြေညာခဲ့သည်။ အဆိုပါ ခရုဇ်ဒုံးကျည်သည် အကွာအဝေး ၂ဝဝဝ ကီလိုမီတာ အထိ ရောက်ရှိနိုင်ပြီး မကြာမီထုတ် ဖော်ပြသသွားမည်ဟု သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်