Tuesday, September 11, 2012

ပြည်သူများ အခက်အခဲကို သမ္မတရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီ

Posted by drmyochit Tuesday, September 11, 2012, under | No comments



From:FlowerNews

မြန်မာနိုင်ငံသားများအနေဖြင့် တွေ့ကြုံနေရသော အခက်အခဲများကို နိုင်ငံတော်သမ္မတရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်ပြီ ဖြစ် ကြောင်း သိရသည်။ ယင်းကဲ့သို့ တိုင်ကြားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် http://www. presidentoffice. gov.mm ရှိ ပြည်သူ့အသံကဏ္ဍမှတစ်ဆင့် တိုင်ကြားနိုင်မည် ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍သမ္မတရုံး Mail Box ကို ယခု လို ဖွင့်လှစ်ရတာ နိုင်ငံတော်သမ္မတကြီး အကောင်အထည်ဖော် ဆောင် ရွက်နေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အကြံပြုချက်တွေကို သိရှိနိုင်ဖို့ရယ်၊ ပြည်သူတွေက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြလာတဲ့ အရေးကြီးကိစ္စတွေကို ပြည်သူတွေ အမှန်တကယ် နစ်နာဆုံးရှုံးနေမှုတွေမှာ ရံဖန်ရံခါ ရုံးလုပ်ငန်း အဆင့်ဆင့်အရ ကြန့်ကြာနေတဲ့ကိစ္စတွေကို သိရှိဖြေရှင်းပေးနိုင်ဖို့ နိုင်ငံတော် နိုင်ငံသားတွေအတွက် အလွန်အရေးကြီးတဲ့ National Security နဲ့ National Interest ကိစ္စတွေကို အချိန်မီသိရှိ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အဓိကကတော့ ပြည်သူလူထုတွေဟာ သမ္မတကြီးနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ လမ်းကြောင်း တစ်ခု ပေါ်ပေါက် လာခြင်းအားဖြင့် အမှန်တကယ် ထိခိုက်နစ်နာနေမှုတွေကို သိရှိဖြေရှင်း ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံတော် သမ္မတနဲ့ ပြည်သူတွေကြားမှာ ယုံကြည်မှု ပိုမိုတိုးမြှင့်လာစေဖို့အတွက် ယခုလို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်ဟု နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။ တိုင်ကြားလိုသည်များကို တိုင်ကြားသူ များအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် တိုင်ကြားလိုသည့် နေရပ်လိပ်စာတို့နှင့် အတူ ဖြည့်စွက် တိုင်ကြားနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရသည်။တိုင်ကြားနိုင်တာတော့ ဟုတ်ပါပြီ။ တိုင်ကြားတဲ့စာတွေကိုလဲ နိုင်ငံတော်သမ္မတကိုယ်တိုင် ဖတ်ပြီး ဖြေရှင်းပေးနိုင်ဖို့ လိုတယ်။ အခုလို ဖွင့်ပေးလိုက်တော့ တိုင်ကြားမယ့်စာတွေက နည်းမှာတော့ မဟုတ်ဘူး။ အမှန်တကယ် တိုင်ကြားတဲ့ စာတွေကို သမ္မတရုံးအနေနဲ့ သေ သေချာချာ လုပ်ပေးနိုင်ဖို့ လိုမယ်။ လက်ရှိလဲ သမ္မတရုံးမှာ ဝန်ကြီးတွေ အများကြီးဆိုတော့ ဒါကို သီးသန့်ဝန်ကြီးတစ်ဦး ထားပြီးတော့ လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပိုကောင်းမယ်ထင်တယ်ဟု နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအရာရှိတစ်ဦးက သုံးသပ်ပြောကြားခဲ့ကြောင်းသိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးWebsite


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်