Tuesday, September 11, 2012

အီရန်မှ ပဲ့ထိန်းဒုံးကျည်သစ် ပွဲထုတ်ပြသမည်

Posted by drmyochit Tuesday, September 11, 2012, under | No comments



အီရန်နိုင်ငံဟာ မကြာခင် အချိန်အတွင်းမှာ ပြည်တွင်းဖြစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးကို ပွဲထုတ်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို အီရန်ဒုတိယ ကာကွယ်ရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီး
ဌာန လေကြောင်း အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် Mahdi Farahi က ပြောကြားခဲ့တာ ဖြစ်ပြီး Meshkat အမည်ရ အဆိုပါ ပဲ့ထိန်း ဒုံးကျည် ဟာ အကွာအဝေး ကီလိုမီတာ ၂၀၀၀ကျော်အထိ ပစ်ခတ် နိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါ ပဲ့ထိန်းဒုံးကျည်ဟာ ရေငုပ်သင်္ဘောတွေ၊ တိုက်လေယာဉ် တွေနဲ့ မြေပြင်ထက်က ဒုံးပစ်စင် အမျိုးမျိုးကနေလည်း ပစ်ခတ်နိုင်ကြောင်း ဗိုလ်ချုပ် Mahdi Farahi က ပြောကြားခဲ့ပါတယ်။ အီရန် ကာကွယ်ရေး ၀န်ကြီးဌာနဟာ အခုလက်ရှိအချိန်မှာ ပဲ့ထိန်းဒုံးကျည် ၅ မျိုးကို ထုတ်လုပ် ခဲ့ပြီးဖြစ်သလို နောက်ထပ် ပဲ့ထိန်းဒုံးကျည် ၉မျိုးကိုလည်း လေ့လာ စမ်းသပ်နေကြောင်း၊ ဒုံးလက်နက်တွေရဲ့ တိကျမှု၊ ရေဒါရှောင်တိမ်းနိုင်မှုနဲ့ အသုံးခံမှုတို့ကို အဆင့်မြှင့်တင်သွားဖို့ လုပ်ဆောင်နေကြောင်းလည်း ပြောကြား ခဲ့ပါတယ်။

အီရန်နိုင်ငံဟာ မကြာသေးခင် နှစ်ပိုင်းအတွင်းမှာ ကာကွယ်ရေး ကဏ္ဍအတွင်း အောင်မြင်မှုတွေ ရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်း ကိရိယာတွေနဲ့ ကာကွယ် ရေး စနစ်တွေကို ပြည်တွင်းမှာတင် အောင်အောင်မြင်မြင် တီထွင် ထုတ်လုပ် နိုင်ခဲ့တယ် လို့ သိရပါတယ်။
Photo: အီရန်မှ ပဲ့ထိန်းဒုံးကျည်သစ် ပွဲထုတ်ပြသမည်


အီရန်နိုင်ငံဟာ မကြာခင် အချိန်အတွင်းမှာ ပြည်တွင်းဖြစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးကို ပွဲထုတ်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို အီရန်ဒုတိယ ကာကွယ်ရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီးဌာန လေကြောင်း အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်  Mahdi Farahi က ပြောကြားခဲ့တာ ဖြစ်ပြီး Meshkat အမည်ရ အဆိုပါ ပဲ့ထိန်း ဒုံးကျည် ဟာ အကွာအဝေး ကီလိုမီတာ ၂၀၀၀ကျော်အထိ ပစ်ခတ် နိုင်တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် အဆိုပါ ပဲ့ထိန်းဒုံးကျည်ဟာ ရေငုပ်သင်္ဘောတွေ၊ တိုက်လေယာဉ် တွေနဲ့ မြေပြင်ထက်က ဒုံးပစ်စင် အမျိုးမျိုးကနေလည်း ပစ်ခတ်နိုင်ကြောင်း ဗိုလ်ချုပ် Mahdi Farahi က ပြောကြားခဲ့ပါတယ်။ အီရန် ကာကွယ်ရေး ၀န်ကြီးဌာနဟာ အခုလက်ရှိအချိန်မှာ ပဲ့ထိန်းဒုံးကျည် ၅ မျိုးကို ထုတ်လုပ် ခဲ့ပြီးဖြစ်သလို နောက်ထပ် ပဲ့ထိန်းဒုံးကျည် ၉မျိုးကိုလည်း လေ့လာ စမ်းသပ်နေကြောင်း၊ ဒုံးလက်နက်တွေရဲ့ တိကျမှု၊ ရေဒါရှောင်တိမ်းနိုင်မှုနဲ့ အသုံးခံမှုတို့ကို အဆင့်မြှင့်တင်သွားဖို့ လုပ်ဆောင်နေကြောင်းလည်း ပြောကြား ခဲ့ပါတယ်။ 

အီရန်နိုင်ငံဟာ မကြာသေးခင် နှစ်ပိုင်းအတွင်းမှာ ကာကွယ်ရေး ကဏ္ဍအတွင်း အောင်မြင်မှုတွေ ရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်း ကိရိယာတွေနဲ့ ကာကွယ် ရေး စနစ်တွေကို ပြည်တွင်းမှာတင် အောင်အောင်မြင်မြင် တီထွင် ထုတ်လုပ် နိုင်ခဲ့တယ် လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်