Saturday, October 06, 2012

မြန်မာ့ဘဏ္ဍာရေးဥပဒေ အသက်ဝင်ရန် ဥပဒေတစ်ရပ် အိုဘားမား လက်မှတ်ထိုး

Posted by drmyochit Saturday, October 06, 2012, under | No comments


အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ထောက်ပံ့ပေးနေသော နိုင်ငံ တကာဘဏ္ဍာရေး အဖွဲ့အစည်းများအား အမေရိကန် ထောက်ခံအားပေးရာတွင် ပိုမိုလွယ်ကူစေမည့် ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ထိုဥပဒေသည် ပြီးခဲ့သည့်လက ကွန်ဂရက်တွင် မြန်မာအပေါ် အမေရိကန်က ဘဏ္ဍာရေးနှင့် အခြားပိတ်ဆို့ မှုများ ရုပ်သိမ်းပေးအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဥပဒေမှာ သမ္မတဦးသိန်းစိန် ဦးစီးဆောင်ရွက်နေသာ နိုင်ငံရေးပွင့်လင်းမှုကို အားပေးရန် ဖြစ်သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သမ္မတလက်မှတ်ရေး ထိုးလိုက်သော ယခုဥပဒေသစ်သည် မြန်မာနိုင်ငံ၌ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စီးပွားရေးပေါ်လစီ ဖြစ်ပေါ်စေရန် ခိုင်မာအားကောင်းသော အဖွဲ့အစည်းများကို ထောက်ခံပံ့ပိုးပေးသွားမည်ဟု ဆိုသည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေး နယ်ပယ်ထဲ၌ မြန်မာနိုင်ငံ ပြန်လည်ပေါင်းစည်းဝင်ရောက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး တို့ကို ပံ့ပိုးပေးနိုင်မည်ဟု ဆိုသည်။
ကန်ဘဏ္ဍာရေးဌာန လက်ထောက်ဝန်ကြီး နီယယ်ဝူလင်က "ဒီဥပဒေချမှတ်လိုက်ခြင်းဟာ အဲဒီ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးရှိမှု၊ ပြောင်းလဲရေးဖြစ်ပေါ်မှုတို့ အသာစီးရအောင်လုပ်ဖို့၊ အမေရိကန်ပေါ်လစီတွေ ဖော်ဆောင်နိုင်စွမ်းလည်း ရှိလာစေ ပါလိမ့်မယ်"ဟု ပြောသည်။
ဝါရှင်တန်သည် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ထားခြင်း ကို ဖြေလျှော့ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့်လအတွင်းက မြန်မာအပေါ် ပိတ်ဆို့ထားသော မြန်မာပို့ကုန် တင်ပို့မှုကိုလည်း ပြန်လည်ခွင့်ပြုမည်ဟု ကြေညာခဲ့ပြီးနောက် ယခု သမ္မတအိုဘားမား လက်မှတ်ရေး ထိုးသော မြန်မာ့ဘဏ္ဍာရေးဥပဒေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် ယခင်ပိတ် ဆို့မှုများ၌ မြန်မာနိုင်ငံအား ဘဏ္ဍာရေးအကူအညီပေးသော အဖွဲ့အစည်းများကိုပါ ပိတ်ပင်ရန် ပါဝင်ခဲ့ရာ ယခုဥပဒေထွက်ပေါ်လာခြင်းမှာ အဆိုပါ ပိတ်ပင်မှုများအား ဖြေလျှော့ပေးခဲ့ခြင်းလည်းဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်