(၅)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဦးအောင်ကိုဝင်း နှင့် ဦးတေဇ ဖမ်းဆီးခံရသည့် ကောလဟလ သတင်းများ ကြောင့် ၄င်းတို့ပိုင်ဆိုင်သည့် ဘဏ်များမှ ငွေများအား ပြန်လည်ထုတ်ယူနေကြောင်း သိရှိရ ပါသည်။ သတင်းမှန်ကို သိရှိနိုင်ရန်အတွက် ၄င်းတို့နှစ်ဦး နှင့် ပုဂ္ဂိုလ်ရေး အလွန်နီးစပ် ရင်းနှီးသူများအား စုံစမ်းမေးမြန်းကြည့်ရာ သတင်းမှန်ကန်မှုမရှိကြောင်းနှင့် တမင်ကြံရွယ်၍ ကောလဟလဖန်းတီးမှုတစ်ခုသာ ဖြစ်ကြောင်း သိရှိရသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည် လက်ရှိ ၄င်းတို့၏ရုံးများတွင်သာ ရှိနေကြပြီး ပုံမှန် ရုံးလုပ် ငန်းများ ဆောင်ရွက်နေကြောင်း ထပ်မံသိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment