Saturday, October 06, 2012

ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ကို မြန်မာ့ရုပ်မြင်သံကြား ၈ နာရီသတင်းမှာ ကြေညာ

Posted by drmyochit Saturday, October 06, 2012, under | No comments

ပုဂ္ဂလိက ဘဏ်များနဲ့ပတ်သက်ပြီး ပေါ်ထွက်နေတဲ့ ကောလဟာလများ မှန်ကန်မှုမရှိကြောင်း ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ကို မြန်မာ့ရုပ်မြင်သံကြား ၈ နာရီသတင်းမှာ ကြေညာသွားပါတယ် ။ကြေညာချက် အပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ် -

ယခုရက်ပိုင်းကာလတွင် ပုဂ္ဂလိက ဘဏ်လောကနှင့်ပတ်သက်၍ ကောလဟာလသတင်းများ ထွက်ပေါ် လျှက် ပြည်သူ လူထုအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ မေးမြန်းစုံစမ်းမှုများရှိနေကြောင်း သိရှိရပါ သည်။ အဆိုပါ သတင်းများနှင့် ပတ်သက်၍ ကောလဟာလများသာဖြစ်ပြီး ဘဏ်များ၏အကျိုးစီးပွားကို ထိခိုက်စေရန်အလို့ငှာ မလိုလားသူများ ထုတ် လွှင့်သောသတင်းသာဖြစ်ကြောင်း၊ မှန်ကန်မှုမရှိကြောင်း၊ ပုဂ္ဂလိကဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စနစ် တကျ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ဘဏ်လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများနှင့် အညီ လုပ်ငန်းများကို တည်ငြိမ်ခိုင်မာစွာဖြင့် လုပ်ကိုင်လျှက်ရှိကြောင်း၊ သို့ဖြစ်၍ ပုဂ္ဂလိကဘဏ်အားလုံးအပေါ် ပြည်သူလူထုများအနေဖြင့် စိတ်ချ ယုံကြည်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်အပ် ပါသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်