Monday, October 08, 2012

Eleven Media မှ ဝန်ချတောင်းပန်ရန် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ကြေညာချက်ထုတ်

Posted by drmyochit Monday, October 08, 2012, under | No comments


From: Myanmar Express 

အောက်တိုဘာ ၅ ရက်နေ့ထုတ်၊ Bi Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် "မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှပြုလုပ်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းများပျံ့နှံ့" ဟူသည့် သတင်းတွင် ရေးသား ဖော်ပြခဲ့သည့်စာသားအချို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (မန္တလေးတိုင်းဒေသ ကြီး)မှ ထိုကြေညာချက်ကို အောက်တိုဘာ ၆ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန် လိုက် ခြင်းဖြစ်သည်။


ယင်းရေးသားချက်ကို မိမိတို့အနေဖြင့်ကန့်ကွက်ကြောင်း၊ မန္တလေးနှင့်နယ်မြို့များရှိ အနေမှန်သည့် သတင်း သမားများအား Bi Weekly Eleven သတင်းဂျာနယ်က ထင်သာမြင်သာ ရှိသော တောင်းပန်မှုပြုလုပ်ပေး ရန် တောင်းဆိုကြောင်း ယင်း သဘောထားကြေညာချက်တွင်ရေးသားဖော်ပြထားသည်။

ယခုသဘောထားကြေညာချက်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သို့လည်းပေးပို့ဦးမည်ဖြစ်ကြောင်း
သိ ရသည်။ အဆိုပါကြေညာချက်ကို အောက်တိုဘာ ၆ ရက်နေ့ကပြု လုပ်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (မန္တလေးတိုင်းဒေသကြီး) ၏အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)ကို ၂၀၁၂ ခုနှစ် သြဂုတ်လဆန်းပိုင်းက စတင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ဥက္ကဌအဖြစ် ဆရာစိုးဘားဒိုင်နှင့် အတွင်းရေးမှူးအဖြစ် ဆရာ ကိုဘဦးတို့က တာဝန် ယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်