Thursday, November 08, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနား တက်ရောက်

Posted by drmyochit Thursday, November 08, 2012, under | No comments


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ National Convention Centre,Champa Grand Hall၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေး ပိတ်ပွဲအခမ်း အနားသို့ တက်ရောက်သည်။
အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ ရှေးဦးစွာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာ သွန်ဆင်းသမာဗောင်က မိန့်ခွန်း ပြောကြားသည်။ ထို့နောက်၂ဝ၁၄ခုနှစ် (၁ဝ) ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဥရောပကောင်စီဥက္ကဋ္ဌ H.E. Mr. Herman Van Rompuyက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်