Thursday, November 08, 2012

"အကျင့်ပျက် တရားရေးဝန်ထမ်း ၇ ဦးကို မန္တလေးတရားလွှတ်တော် ထုတ်ပယ်"

Posted by drmyochit Thursday, November 08, 2012, under | No comments


မြို့နယ်တရားသူကြီး နှစ်ဦးအပါအဝင် တရားရေး ဝန်ထမ်းခုနစ်ဦး ထုတ်ပယ်ခြင်းနှင့် ခရိုင်တရားသူကြီး တစ်ဦးအပါအဝင်=တရားရေးဝန်ထမ်း ခုနစ်ဦးတို့အား စာဖြင့်ပြင်း ထန်စွာ သတိပေးခြင်းတို့ကို မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ''ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာဘူး။ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်တယ်။ ဒါကြောင့်ပါ'' ဟု ဥပဒေချုပ်ဦးရဲအောင်မြင့်က ပြောသည်။ ယခုကဲ့သို့ အရေးယူခြင်း၊ ထုတ်ပယ်ခြင်းနှင့် ပြင်းထန်စွာ သတိပေး မှုပြုလုပ် ခဲ့ခြင်းမှာ ၂ဝ၁၁ ခုနှစ်မတ်လ ၃ဝ ရက်နေ့မှ ၂ဝ၁၂ ခုနှစ်အောက်တိုဘာလ ၃၁ရက်နေ့ အထိ စာရင်းများ အရဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ သိရသည်။ ထုတ်ပယ်ခဲ့မှုတွင် မြို့နယ် တရားသူကြီးနှစ်ဦး၊ ဒုတိယမြို့နယ် တရားသူကြီး နှစ်ဦး၊ ဒုတိယ ဦးစီးမှူးအဆင့် လေးတစ်ဦး၊ အကြီးတန်းစာရေး တစ်ဦးနှင့် အငယ်တန်း စာရေးတစ်ဦးတို့ဖြစ်ပြီး စာဖြင့်ပြင်းထန်စွာသတိပေးမှုတွင် ခရိုင်တရား သူကြီးတစ်ဦး၊ ဒုခရိုင်တရားသူကြီး တစ်ဦး၊ မြို့နယ်တရား သူကြီးတစ်ဦး၊ ဒုတိယမြို့နယ် တရားသူကြီးနှစ်ဦး၊ အကြီးတန်း စာရေးတစ်ဦးနှင့် အငယ်တန်း စာရေးတစ်ဦးတို့ ဖြစ်သည်ဟု ဦးရဲအောင်မြင့်က ပြောသည်။ လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားခွင်တိုင်းတွင် မန္တလေးတိုင်းဒေ သကြီးတရား လွှတ်တော်က ထုတ်ပြန်ထားသည့် စာများကပ်ထား ကာတရား စီရင်ရေးအပေါ် ပွင့်လင်းထင်သာစွာ ဆောင်ရွက်ထားသည်ဟု လည်းဥပဒေချုပ်က ဆက်လက်ပြောသည်။
''ကြေညာထားတာက အမှုတွဲတွေကို မှန်မှန်ကန်ကန်ဆုံးဖြတ် ပေးမယ်။ တရားရုံးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ထုံးလုပ် နည်းတွေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အ တွက် လာဘ်ငွေပေးဖို့ မလိုပါဘူးဆိုတာပါ။ ဒါတွေ အပြင်တိုင်လို့ရတဲ့ ဖုန်းနံပါတ်တွေလည်း ကပ်ထားပါတယ်''ဟု ၄င်းကထပ်လောင်း ဆိုသည်။ သို့သော် လက်ရှိတွင်မန္တလေး တရားစီရင်ရေးစနစ် ယိမ်းယိုင်ပြို လဲနေပြီဟူသော သတင်းများကထွက် ပေါ်နေခဲ့သည်။ ထိုစွပ်စွဲချက် များအပေါ် မမှန်ကန်ပါကြောင်း မန္တလေးတရားလွှတ်တော်က ပြောပြီး စစ်ဆေးစီရင်မှုကို အချိန်မရွေး လာလေ့လာ၍ ရပါကြောင်း ဦးရဲအောင်မြင့်က ပြောသည်။ ဥပဒေနှင့်အညီ မှန်ကန်စွာ မလုပ်ခြင်း၊ မတရားပြုကျင့်ခြင်းတို့ကို တိုင်စာအ ရသော်လည်းကောင်း၊ တရားသူကြီးချုပ် ကိုယ်တိုင်က သော် လည်းကောင်း ဝန်ကြီး ဌာနရုံးတို့ က ပေးပို့လာသော စာများကမှ တစ်ဆင့် သော်လည်းကောင်း စုံစမ်းစစ်ဆေး တွေ့ရှိသည့်အခါ စည်းမျဉ်း၊ စည်းကမ်းအရ ထိရောက်စွာအရေး ယူလျက်ရှိသည်ဟု မန္တလေးတိုင်းဒေသ ကြီး တရားလွှတ်တော် ရုံးထံမှသိရသည်။

မင်းသုအောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်