မြို့သုဿန်သည်
ဘင်္ဂလီလူမျိုး အများစုနေထိုင်သည့် အရပ်ဒေသတွင် ရှိခြင်းကြောင့် ဈာပနာ ကိစ္စစီစဉ်ဆောင်ရွက် ရခြင်းတွင် အခက်အခဲအချို့ ရှိနေကြောင်း စစ်တွေမြို့ ခံ
အချို့ကပြောသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့နယ်တွင်း ဈာပနာကိစ္စများ၌ ယခင်သုဿန်ဟောင်း
နေရာတွင်သာ အဆင်ပြေသလို မီးသဂြိုဟ်မှုဆောင်ရွက် နေရကြောင်း ဒေသခံအချို့က ပြောသည်။
““ သုဿန်သစ်က အခု ဘင်္ဂလီရွာတွေ ကိုဖြတ်ပြီးသွားရတော့ ဟိုတစ်ခေါက် အသုဘကားကို ခဲနဲ့ပေါက်တဲ့ ကိစ္စဖြစ်ပြီး နောက်ပိုင်းကတည်းက မသွားကြတော့တာ။ လုံခြုံရေးပေးနိုင်တဲ့ အခြေအနေ လည်းမရှိဘူး။ လုံခြုံရေးနဲ့ဆို မိသားစုတွေ လိုက်လို့မရဘူးလေ။ ဒါကြောင့် အရင်သုဿန်ဟောင်း (အားကျိတ်တော် ကုန်းသုဿန်ဟောင်း)မှာပဲ ဖြစ်သလို မီးရှို့သဂြိုဟ်နေရတာပဲ”” ဟု စစ်တွေမြို့ခံ အချို့ကပြောသည်။
ထို့အတွက် ထုံးထမ်းစဉ်လာ အသုဘ ကိစ္စဖြစ်သော ရဟန်းသံဃာများ တရားနာယူခြင်း၊ သရဏဂုံတင်ခြင်း၊ ရေအိုးခွဲခြင်း၊ ကိစ္စရပ်များကို သုဿန်တွင် စီစဉ်နိုင်ခြင်းမရှိဘဲ နေအိမ်တွင်ပင် အဆင်သင့်သလို စီစဉ်ဆောင်ရွက်ရပြီး ငွေကြေးအကုန်အကျလည်း လိုအပ်သည်ထက်များစွာ ကုန်ကျလျှက်ရှိကြောင်းသိရသည်။

Time in Rangoon

0 comments:
Post a Comment