လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီရှိ ထောက်လှမ်းရေး
ဌာနချုပ်ရုံးကို နိုဝင်ဘာ ၄ ရက်က အာပီဂျီများဖြင့် ပစ်ခတ်ခဲ့သဖြင့်ငါးဦးသေဆုံး သွားခဲ့ကြောင်း
ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည် ။ အဆိုပါ ပစ်ခတ်မှုသည် လုံခြုံရေးကော်မတီရုံးချုပ် အဆောက်အအုံအနီး
ပြိုင်ဘက် လက်နက်ကိုင်အုပ်စု အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်း အကြမ်းဖက်မှုတွင် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ ဘင်ဂါဇီမြို့မြောက်ပိုင်း
ရဲစခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲအရာရှိသုံးဦးဒဏ်ရာရရှိသွားခဲ့သည်။
Myanmar Express
Myanmar Express
0 comments:
Post a Comment