ဗန်ကား
၇စီး Express Car၂စီး ပေါ်မှ အခွန်မဆောင် ထားသည့် ပစ္စည်းများ နိုဝင်ဘာ၇ ရက်နေ့တွင် ကွတ်ခိုင်၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး
ဦးစီးဌာန ခေါင်းဆောင်သော မှောင်ခိုတားဆီး ရေးရွေ့လျားအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
စီမံချက်စတင်သည့် နိုဝင်ဘာ ၁ရက်နေ့မှ ၇ ရက်နေ့အထိ မူဆယ်အပါအ၀င် ကွတ်ခိုင်၌ ကား ၁၄စီး
မှအခွန်မဆောင် ထားသည့် ပစ္စည်းများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားဝင်အခွန် ဆောင်နိုင်ရန် အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။
0 comments:
Post a Comment