Monday, November 26, 2012

ပြည်ထောင်စု တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ် မန္တလေးသို့ ပြန်လည်ရွှေ့ပြောင်းခြင်းသည် မဟုတ်မှန်ကြောင်း သိရှိရ

Posted by drmyochit Monday, November 26, 2012, under | No comments


ပြည်ပ မီဒီယာများမှ သတင်းထုတ်လွှင့် လျက်ရှိသော ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ် မန္တလေးသို့ ပြန်လည်ပြောင်းရွှေ့ခြင်းသည် မဟုတ်မှန်ကြောင်း တောင်းဆို မှုတွင် ပါဝင်သော တိုင်းရင်းသား ကျောင်းသား တစ်ဦးက ဆက်သွယ်ပြောကြားခဲ့သည်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှ  စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးဇွန်မြို့နယ် ရွာသစ်ကြီးကျေးရွာရှိ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး တက္ကသိုလ်သို့ ပြောင်းရွှေ့ခံရသည့် တိုင်းရင်းလူငယ်ကျောင်းသား ၅၀၀ ခန့်သည်  နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က ခြေကျင်ခရီးနှင်၍ မူလကျောင်းရှိရာ မန္တလေးမြို့ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီ ကောလိပ်သို့  ပြန်လည် ထွက်ခွာလာခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် နိုဝင်ဘာလ  ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား ၀တ်စုံများ ၀တ်ဆင်၍ ကျာင်းရှေ့ဝင်ပေါက်သို့ ထွက်ရှိလာခဲ့ပြီး  ရွာသစ်ကြီးကျောင်းသို့ မပြောင်းရွှေ့ လိုကြောင်း၊ မန္တလေး ကျောင်း၌သာ ဆက်လက် ပညာသင်ကြားသွားလိုကြောင်း၊ ရွာသစ်ကြီးကျောင်းတွင် နေရေးထိုင်ရေးနှင့် အခြားပညာရပ်များ ဆည်းပူးရန်အတွက် အဆိုများကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ  တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေး ရောက်ရှိလာခဲ့ပြီး ကျောင်းသားအားလုံးကို ခေါ်ယူတွေ့ဆုံကာ တိုင်းရင်းသားကျောင်သားများ တောင်းဆိုမှုနှင့် ပတ်သက်၍ မန္တလေးမြို့ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကော လိပ်တွင် ကျောင်းသားများအား ယာယီနေထိုင်ခွင့် ပြုခဲ့ပြီးတစ်လအတွင်း တိကျသည့်အဖြေတစ်ခု ပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဟု ပြောကြားကာ ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်ထိ တိုင်းရင်းသား ကျောင်းသားများသည် မန္တလေးမြို့၊  ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီ ကောလိပ်အတွင်း နေထိုင်လျက်ရှိပြီး စုပေါင်းတောင်းဆိုမှုများ ဆက်လက်ပြုလုပ်ခြင်း မရှိဘဲ  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေး၏  ပြောကြားချက်အတိုင်း တစ်လ (သို့မဟုတ်) ၁၅ ရက်အတွင်း  တိုင်းရင်းကျောင်းသားများ၏ တောင်းဆိုမှုနှင့် ပတ်သက်၍ တိကျသည့်အဖြေအား စောင့်ဆိုင်းလျက်ရှိကြောင်းသိရှိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်