Monday, November 26, 2012

မတောင်းပန်ပါက ဒေါင်းအလံရုပ်ရတော့မည့် ဘားမား စုကြည် နှင့် ပတ်သက် သမျှ...

Posted by drmyochit Monday, November 26, 2012, under | No comments


အချို့ကတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကြီး အဖြစ် သတ်မှတ်ကြ၏။ အချို့ ကတော့ နိုင်ငံ တကာနှင့် ရင်ပေါင် တန်းနိုင်သော မြန်မာနိုင်ငံ၏ တစ်ခေတ်မှာ တစ်ခါေ ပ်ါသော အမျိုးသ မီး ခေါင်းေ ဆာင် တစ်ဦး အဖြစ် သတ် မှတ်ကြ ၏။ မည်သို့ပင် ဖြစ်စေ၊ သမိုင်းတစ်ခုကို ရေး မည့် ခေါင်း ဆောင်တစ် ဦး အတွက် သမိုင်းတွင် သည့် သူရဲကောင်း တစ်ယောက်ဖြစ်ရန် မှာ ကောင်းသော လုပ်ဆောင်ချက် များကို လုပ်ဆောင် ပြရ မည် သာ ဖြစ်ပေသည်။ မြန်မာ့လွတ် လပ်ရေးခေါင်းဆောင် တစ်ဦး၏ သမီးအဖြစ် မွေးဖွားလာသည့်အတွက် သူမ၏ ငယ်ဘ သည် ရွှေလင်ဗန်းနှ င့် အချင်းဆေးသည်သာ ဖြစ်သည်။ ဗိုလ်ချုပ် ကျဆုံးပြီးနောက် တပ်မတော်က ထိန်းကွပ်နေရသည့် တိုင်းပြည် အခြေအနေတွင် သံအမတ်ကြီး သမီးအဖြစ်နှင့် နိုင်ငံခြားတွင် အကျော်ကြားဆုံး ခေါင်းဆောင် များ၏ သားသမီးများနှင့်အတူ ပညာသင်ကြား ခဲ့ရခြင်းသည်လည်း သူမအတွက် တန်ဖိုး မဖြတ်နိုင်သော ထိုအချိန် ခေါင်းဆောင်များ၏ ကျေးဇူးတရားကြောင့်ပင်။ ထို့နောက်တွင် ကမ္ဘာပတ်၍ ပညာ ဆည်း ပူးခွင့် ရခဲ့ခြင်း၊ တိဗက် တောင်တန်းများ အကြား၊ ဗိုလ်ချုပ်သမိုင်း ပြုစုခြင်းများဖြင့် တိုင်း တစ်ပါး တွင် နေခဲ့ခြင်း က သူမ၏ ဆန္ဒအရပင် ဖြစ်သည်။
အမျိုးကို စောင့်သိခြင်းသည် ကာလံ၊ဒေသံနှင့် ရာနှုန်းပြည့် သက်ဆိုင်ခြင်းတော့ မရှိ။ ထိန်းသိမ်းတတ်လျှင် မွန်မြတ်သည်သာ ဖြစ်သည်။ မြန်မာရာဇ၀င် တွင် ကျန်စစ်သား မင်း၏ သမီးတော် ရွှေအိမ်စည်သည်လည်း ကုလားနှ င့်ဖောက်ပြန်၊ သီပေါမင်း သမီးတော် များသည်လည်း ကုလားနှင့် အတူနေခဲ့ကြသည်။ ထိုသမိုင်းကို ဗိုလ်ချုပ် သမီး သည်လည်း ဆက်လက်ကျင့်သုံးကာ တိုင်းတစ်ပါးသားများနှင့် ဖောက်ပြန်၍ အဆုံးတွင် အင်္ဂလိပ် ဇနီးမယား တစ်ယောက်သာ ဖြစ်ခဲ့လေသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင်လည်း မိခင်နေ မကောင်း၍ ပြန်လာသည်မှ စကာ နိုင်ငံရေးနှင့် စတင် မြည်း စမ်း ခဲ့ရ၏။ ပေစုတ်စုတ် ဘ၀တွင် စိတ်လွတ်လပ်စွာနေထိုင်၍ စိတ်ဆန္ဒကို အသားပေးသော သူမ အတွက် ဟေးလား ၀ါးလား လက်ခုပ်သံများအကြား ပျော်ရွှင် သာယာခြင်းဖြင့် ဒီမိုကရေစီကို ဦးဆောင် ခဲ့ပြန်သည်။ တာဝန်ရှိသူ များ၏ သတိပေးခြင်း အကြိမ်ကြိမ်ကို မျက်ကွယ်ပြုကာ လုပ်ချင်ရာ ဇွတ်လုပ် ခဲ့သည့် သူမ အတွက် ထိန်းသိမ်း ထားရန်မှ တစ်ပါး အခြားရွေးချယ်ရန်မရှိ။ ထိုအချိန်တွင် နိုင်ငံကို ဖိ အားပေး လိုသော အနောက် အုပ်စု မှ ဘွဲ့တံဆိပ်များ တပ်ကာ သူမကို ငြိမ်း ချမ်းရေး နိုဘယ် ဆုရှင် တစ်ယောက် အဖြစ် ရပ်တည်စေခဲ့၏။ အိမ်အတွင်း ထိန်းသိမ်းစဉ်တွင် အကြမ်းဖက် ဗုံးခွဲသူများအား လက်ခံပေး၏။ ဆုတံဆိပ်များ၊ ၀င်ငွေများကို မည်သည့် အခါမှ မကြေငြာခဲ့သလို အမျိုးသားခေါင်းဆောင်ကြီး၏ သမီးအဖြစ် ဥပဒေအထက် မှာ နေထိုင်ခဲ့ သည်မှာလည်း ယနေ့တိုင်အောင် ပင်ဖြစ်သည်။ ပညာတွေ မည်မျှပင် သင်ကြားခဲ့စေကာမူ အနောက်တိုင်း ယဉ်ကျေး မှုကို မြတ်နိုးသော သူမမှာတော့ အကျယ်ချုပ်ကျစဉ် အိမ်အတွင်း ပျော်ပျော်ပါးပါး Sex ခေါင်းစဉ် များတပ်ကာ ဆွေးနွေးခဲ့ကြကြောင်း သတင်းများက ဖော်ပြကြ၏။ ဖောက်ပြန်မှုများကို သိသူများက ဖော် ထုတ် ခဲ့ကြ၏။ မှန်သည် မှားသည် မရှင်းလင်းခဲ့သလို ငြင်းခဲ့ခြင်းလည်းမရှိ။ နိုင်ငံခြားက လာသမျှ သူများ သူမလက်ခံတွေ့ဆုံ၏။ အစိုးရကို တိုက်ခိုက် ပုတ်ခတ်သော စကားများဖြင့် သူမ ယဉ်ကျေးသိမ်မွေ့ကြောင်း ဖော်ပြ၏။ ကုလ ကိုယ်စားလှယ် လာသော်လည်း ထွက်မတွေ့သည့်သူမက ဂျွန်ယက်တောကို အိမ်တွင်း ခိုးသွင်းသဖြင့်အရှက်ရခဲ့ရတော့သည်။
သူမသည် ခေါင်းဆောင်မှုကို သင်ကြားခဲ့ဖူးခြင်းမရှိ။ ခောတ်နှင့် အဆက်ပြတ်သည်သာမက သူမသည် တစ်ဇွတ် ထိုး ဆန်ကာ ဆန္ဒကို လွန်စွာဦးစား ပေးလေသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဟု ဆိုကာ ရွေးေ ကာက် ပွဲကို ဆန့်ကျင်၏။ အကျယ်ချုပ်မှ လွတ်မြောက်သော် လူမှုကွန်ယက်များ အသုံးပြု၏။ အိုက်တင် အမျိုးမျိုးပေး ကာ ရုပ်ပြဓာတ်ပုံရိုက်သော ကမ္ဘာ့ခေါင်းဆောင်များတွင် သူမသည် ထိပ်ဆုံးအဆင့် ၀င်၏ ။ ပြည် သူ ချစ်အောင် မြန်မာဝတ်စုံ ၀တ်သော်လည်း လေဒီရှုးဖြင့် အနောက်တိုင်းကို ချစ်ကြောင်း ဖော်ပြ၏။ အနမ်း များဖြင့် နှုတ်ဆက်၏။ ကုလားနှင့် ပါးချင်းအပ်ရမှာ မရှက်သလို အင်္ဂလိပ်၊အမေရိကနှင့် နမ်းရန် လည်း ရှက်ရွံ့ခြင်း အလျင်းမရှိ။ ဖိလစ်ပိုင်သမ္မတ အာရိုယိုသည် လူကြားတွင် သူမကို ဖက်၍ နှုတ်ဆက်သည် ကိုလည်း လက်မခံ။ သူမ လက် ကို သူမပြည်သူ ယောက်ျားလေးများ ကိုင်သည်ကိုလည်း တရားဝင် ပြောကာ ငြင်းဆန်ခဲ့ ဖူး၏။ သူမ ကတော့ ရောက်လေ ရာတွင် လက်ချင်း ချိတ်ကာ ပါးချင်းအပ်၏။ ဗိုလ်ချုပ်အောင်ဆန်း ၏ သွေးဆိုပေမယ့် သူမ ၏ တစ်ကိုယ်လုံး တွင် အနောက်တိုင်း အမူအကျင့်များသာ ပြည့်နှက်နေတော့သည်။ ပြင်ပ ကမ္ဘာနှင့် အဆက် အသွယ် ပြတ်ရာမှ သူမသည် အသက်အရွယ် ကိုပင် မေ့လျော့နေ လေတော့သည်။ လူငယ်လေးများ ၊ယောက်ျားလေး များ၏ အသွေး အသားနှင့် ထိတွေ့ ရသည်ကို သာယာ တတ်သည့် စိတ်ရောဂါ တစ် မျိုး ၀င်နေသည် ဟုပင် သုံးသပ် ရပေသည်။ သူမတွင် မြန်မာ့ ယဉ်ကျေးမှု ဆိုသည် မရှိ။ မြန် မာ ဆိုသည် မည်သည့်သွေးနှင့်ရောရော မြန်မာဖြစ်နေသေးသည် ဟုပင် သူမလက်ရှိအနေ အ ထား အရ ယုံကြည် လျှက် ရှိပေသည်။
သူမ လွှတ်တော်အတွင်း ရောက်သဖြင့် ပြည်သူအများ မျှော်လင့်ချက်တွေ ရင့်သန်လာ၏။ သို့သော် သူမ၏ လုပ်ဆောင် ချက်သည် ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန်ဆေးရုံကြီးသာ ဖြစ်သည်။ ယခုလည်း လက်ပံေ တာင်း သွား၍ ဆူပူမှု ဖြစ်အောင် ထပ်မံ ဖန်တီးလေအုံးမလား မပြောတတ်။ အနောက်တိုင်း ယဉ်ကျေးမှု ကို မြတ်နိုြး ခင်း အရင်ဖျောက် မှသာ သူမ သည် မြန် မာနိုင်ငံကို ဦးဆောင်ခွင့် ရမည်ဖြစ်သည်။ မဟုတ် ပါက သူမ လက် ထက် တွင် ညစ်ညမ်းမြန်မာဇာတ်ကားများ၊ မြန်မာ အမျိုးသမီးများ အရှက်မဲ့ခြင်း တို့ ဖောေ ဖာ သီသီ ဖြစ်လာပေလိမ့်မည်။ တစ်ဇွတ်ထိုး လုပ်တတ်သော၊ ခေါင်းဆောင်မှု မသိသော သူမသည် မြန်မာကို ဘားမားလုပ်ခြင်းဖြင့် အ တိုက် အခံ စစ်မျက်နှာ အသစ်တစ်ခု ဖွင့်ဖို့ ကြိုးစားလေ၏။ မြန်မာထက် ဘားမားကို ပြည်သူ အများက လက် ခံ ကြောင်း ပြောလေ၏။ အမေရိ ကန်နှင့် ဥရောပသည် မြန်မာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု ကို မြှင့် တင် ချိန် တွင် သူမ သည် အရေးမပါတော့။ သူမ မပါလဲ မြန် မာ့နိုင်ငံရေး သည် ပြောင်းလဲေ နပြီ ဖြစ် သည်။ အမေရိကန်သမ္မတက မြန်မာကို မြန်မာလို့ သုံးနှုံးခဲ့သလို ဟီလာရီ ကလင်တန် သည် လည်း မြန် မာကို ဘားမားဟု မသုံးနှုံးရဲ။ နှုတ်ကျိုး၍ သုံးနှုံး မိသော အမေရိကန် ကာကွယ်ရေး ၀န်ကြီးသည် လည်း မြန်မာ ၀န်ကြီးက ထောက်ပြသည်တွင် ပြန်တောင်း ပန် ခဲ့၏။ အနောက်မျှော်သူမ၏ ဘားမားသမိုင်း တွင် သူမ နာမည် ထပ်တိုး၍ ပျက်ချေတော့မည်။ အနမ်းခံ ဘားမားစုကြည်အတွက် လုပ်ဆောင်စရာ များများ မရှိတော့။ သူမကို လက်ခံခဲ့သူများပင် သူ မကြောင့် စိတ် ပျက် ရချေပြီ။ ယနေ့အမျိုးသမီးများ၏ စိတ်ပျက်စကားသံများကို မကြားချင် အဆုံး နေရာ အနှံ့ ထွက်ပေါ်နေ ပေသည်။ သူမအမှားများအတွက်တောင်းပန်သင့်လေပြီ။သို့မဟုတ်ပါက…..


 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်