Monday, November 26, 2012

ကမ္ဘောဒီးယားဥပဒေအကြံပေးအဖွဲ့ မြန်မာနိုင်ငံတွင် ပထမဆုံးရုံးခွဲလာဖွင့်မည်

Posted by drmyochit Monday, November 26, 2012, under | No comments


ခေတ်မမီတော့သည့် ဥပဒေများ ပြုပြင်ရာတွင် ပါဝင်လုပ်ကိုင်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အခြေစိုက် ဥပဒေရေးရာ အကြံပေးအဖွဲ့ အစည်းတစ်ခုဖြစ်သော Sciarori & Associates က ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်လှစ် မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ အကြီးအကဲ Senior Partner ဖြစ်သူBretton G.Sciaroni က နိုဝင်ဘာလ ၂၂ ရက်နေ့တွင်ပြောကြားသည်။ အဆိုပါ ရုံးခွဲကို မြန်မာနိုင်ငံအပြင် လာအိုနိုင်ငံတွင်လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဥပဒေရေးရာ ပြောင်းလဲမှုများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော အတွေ့အကြုံဖြင့် မြန်မာနိုင်ငံတွင်လည်း ၎င်းတို့ အဖွဲ့က အလားတူ ပါဝင်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်း ကပြောဆိုသည်။ “အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ပါတယ်။ သူတို့နဲ့လည်း ဒီကိစ္စပြောပြီးပါပြီ။ အဆင်ပြေပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုတော့ အင်္ဂလိပ်လိုဘာသာ ပြန်နေတုန်းမို့ မဖတ်ရသေးပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက လွန်ခဲ့တဲ့ နှစ်၂၀ ကမ္ဘောဒီးယားရဲ့ အခြေအနေနဲ့ တူတယ်” ဟု ၎င်း ကဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ စသည်တို့ထံမှ အကူအညီများရယူကာ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် မြန်မာနိုင်ငံကိုလည်း ယင်းကဲ့သို့ ပုံစံမျိုး အကြံပေးလိုကြောင်း၊ စီးပွားရေးတိုး တက်မှုများရလာမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်းဝင်လာသော အကူအညီများမှ တစ်ဆင့်နိုငံဖွံ့ဖြိုးတိုးတက်ရေးကို ပြောင်းလဲလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ အကြီးအကဲ Senior Partner ဖြစ်သူ Bretton G. Sciaroni ကပြောကြားသည်။ “ပြုပြင်ပြောင်းလဲဖို့ သိန္နိဋ္ဌာန်ရှိဖို့လိုတယ်။ ဒီအပြောင်း အလဲကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာနေတာ” ဟု ယင်းအဖွဲ့မှ Managing Partner တစ်ဦးဖြစ်သူ Matthew Rendall ကပြောကြားသည်။ Sciarori&Asssociates ၏ အကြီးအကဲ Senior Partner ဖြစ်သူ Bretton G.Sciaroni သည် ကမ္ဘောဒီးယား၏ Internatonal Business Chamber ၏ ဥက္ကဋ္ဌ ဖြစ်ပြီး အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးတွင် လည်းပါဝင်ဆောင်ရွက်နေသူဖြစ်သည်။  

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်