Sunday, January 20, 2013

မြန်မာ့ မျိုးချစ် တပ်မတော် အပစ်ရပ်ပြီ ဆိုတာနဲ့ ကေအိုင်အေ အကြမ်ဖက်သောင်း ကျန်းသူတို့ နောက်တစ်ကြိမ် ခေါင်းထောင်နိုင်ဖို့ အဓမ္မ လူသစ်စုဆောင်းနေ

Posted by drmyochit Sunday, January 20, 2013, under | No comments

မြန်မာ့ မျိုးချစ် တပ်မတော်က ယမန်နေ့ ကစတင်ပြီး KIA အကြမ်းဖက် သောင်း ကျန်းသူ များအား အပစ်အခတ် ရပ်စဲထားကြောင်းသိရှိရသည်။အဆိုပါ အပစ် ရပ်ဆိုင်း ထားခြင်းမှာ KIAသောင်းကျန်း သူများ အနေဖြင့် ၄င်းတို့ရဲ့ အကြမ်းဖက် လုပ်ရပ် များအား ပြန်လည် စဉ်းစား သုံးသပ်ပြီးမြန်မာ မျိုးချစ် တပ်မတော်ရဲ့ စေတနာ အမှန်တွေကို သိရှိ နားလည် ကာလက်နက် ချအလင်း ဝင်ရောက်ရန် အ တွက်ဖြစ်ကြောင်း သိရှိရသည်။

သို့ ပေမယ့်လည်း ယနေ့ နံနက်ပိုင်းတွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ တပ်မဟာ(၅)၊ တပ်ရင်း (၃၀)မှ ဗိုလ်ကြီး အဆင့်ရှိ သူ လဂျာ နှင့် အင်အား ၃၀ ဦးခန့် တို့သည် လက်နက်ငယ် ကိုယ်စီဖြင့် ၀ိုင်းမော်မြို့ နယ်၊ မန်တောင် ကျေးရွာအုပ်စု အနီးတ၀ိုက်တွင် ရွှေတူးဖော် လုပ်ကိုင် နေသည့် ကျင်း လုပ်သား ၂၀ ဦးခန့်အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းသိရှိရပါသည်။ဒါတင် မကသေး ပါဘူး...

အလားတူ ရှငေါ်ကျေးရွာ ပတ်ဝန်းကျင်ရှိ ကျေးရွာသား စုစုပေါင်း ၅၀ ဦးခန့်ကိုလည်းKIAသောင်းကျန်းသူ တပ်မဟာ(၅)၊တပ်ရင်း(၇)မှတပ်ရင်းမှူးဒုဗိုလ်မှူးကြီးခွန်သန့် ဆိုင်က စစ်အင်အားလိုအပ်ချက်အရ တာဝန် ထမ်းဆောင်ရမည်ဟုဆိုကာယနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်