Sunday, January 20, 2013

KIAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ မှဆေးဆရာမ(၂)ဦးဝါရာဇွတ်တိုက်နယ်ဆေးရုံသို့ ရောက်ရှိ

Posted by drmyochit Sunday, January 20, 2013, under | No comments


KIA အကြမ်း ဖက်သောင်း ကျန်းသူ အဖွဲ့ တပ်မဟာ(၂) ကျန်းမာရေးဌာနမှ ဆေးဆရာမ မယိမ်းဝမ် (၂၄)နှစ်၊ (ဘ)ဦးယော်ယိမ်း၊ တဘက်ယန်ကျေးရွာ၊ဝိုင်းမော်မြို့ နေသူနှင့် မဘောက်ဆိုင်း(၂၄)နှစ်၊ (ဘ) ဦးလရှန်အောင်မြတ်၊ ဗအောင်သပြေရပ်ကွက်(၂)၊ မိုးညှင်းမြို့ နေသူတို့ (၂)ဦးသည်စစိန်မှတဆင့်
တောလမ်းကြောင်း အတိုင်း KIA ဝါရာဇွတ်တိုက်နယ်ဆေးရုံ လော့ဒ်ဂျာသို့  ဇန်နဝါရီလ(၁၉)ရက်နေ့ 
တွင်ရောက်ရှိခဲ့ပြီးစစိန်အနီးတဝိုက်တွင် ဒဏ်ရာရရှိခဲ့ သော KIAအကြမ်းဖက်သောင်းကျန်းသူများအား
ဆေးကုသပေးလျှက်ရှိကြောင်းသိရှိရသည်။၎င်းဆေးရုံတွင်ယခုအပါတ်အတွင်းဒဏ်ရာရရှိ ထားသော KIAအကြမ်းဖက်သောင်းကျန်းသူ(၇၈)ဦးရှိပြီးသေဆုံးသူ(၁၃၅)ဦးရှိကြောင်းKIAမှသတင်းထုတ်ပြန်ထား သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်