Sunday, January 20, 2013

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ ၏ ထူးချွန်မှုများကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာမှ တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း ၅၀၀ အထိရနိုင်ဟု GE ကုမ္ပဏီ ခန့်မှန်း

Posted by drmyochit Sunday, January 20, 2013, under | No comments

From : myanmar age

အမေရိကန်မှ ဂျင်နရယ်အီလက်ထရစ်ကုမ္ပဏီ GE၏ အရှေ့တောင်အာရှဆိုင်ရာ အမှုဆောင်အရာရှိချုပ် 
စတူး ဝပ်ဒင်းက ၎င်းတို့သည် မြန်မာတွင် လာမည့်နှစ် အနည်းငယ်အတွင်း နှစ်စဉ်ဒေါ်လာသန်း ၅၀၀ ပမာဏ အထိ ရရှိနိုင်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့အကြီးဆုံ ကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည့် GE သည် မြန်မာသို့ ယမန်နှစ်က စတင်ဝင်
ရောက် ခဲ့ပြီး ၎င်း၏ရင်းနှီးမြုပ်နှံမှု များကို ချဲ့ထွင်ခဲ့သည်။ 

ကုမ္ပဏီသည် မြန်မာအပေါ် ကန်အစိုးရ၏ ပိတ်ပင်ထားမှုများ ရုပ်သိမ်းသည့် ဇူလိုင်မှစ၍ မြန်မာ့လေကြောင်း သို့ လေယာဉ်နှစ်စင်းငှားရမ်းခဲ့ကာ ဆေးရုံသုံး အဆင့်မြင့်ပစ္စည်းများ ဖြန့်ဖြူးရေး၊ ဓါတ်ငွေ့သုံး တာဘိုင် မီးအားပေး စက်များ ရောင်းချပေးရေးတို့အတွက် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ စာချုပ်များ ချုပ်ဆို ခဲ့သည်။

GE သည် မြန်မာအစိုးရအားလည်း နိုင်ငံအတွင်းလျှပ်စစ်မီး ရရှိမှု ပိုများရေးအတွက် အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေ သည်။ ကုမ္ပဏီသည် ယခုနှစ် သုံးလပတ်ဘဏ္ဍာရေးကာလ၌ပင် မြန်မာတွင် ၎င်း၏ ပထမဆုံး ရုံးခွဲ ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

GE သည် မြန်မာအစိုးရ၏ ချွင်းချက်ခွင့်ပြုမှုဖြင့် ကမ္ဘာ့နေရာ အနှံ့သို့ ငွေလွှဲခွင့်ရရှိထားသည်။ကုမ္ပဏီသည် မြန်မာတွင်နှစ်စဉ် ဝင်ငွေ ဒေါ်လာ သန်း ၂၅၀ မှ ၅၀၀ အထိ ရရှိသွားရန် ရည်မှန်ထားသည်။

GE သည် ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ၀င် ငွေ ဒေါ်လာ ၁၄၇ ဒဿမ ၃ ဘီလီယံရခဲ့သည်ဟု သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်