Wednesday, February 13, 2013

ဖခင်ဖြစ်သူက အရက်မူးပြီး မဆင်မခြင် မီးရှို့မှုကြောင့် ကလေးငယ် နှစ်ဦး သေဆုံး

Posted by drmyochit Wednesday, February 13, 2013, under | No comments


တောင်သာ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် တလိုင်းရပ် ရွာသစ်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ် နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တလိုင်းရပ် ရွာသစ်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသဖြင့် တောင်သာ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးနောင်နောင်အောင်နှင့်
အဖွဲ့ဝင် နှစ်ဦး တို့သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်မှုမှာ ကိုမြင့်မောင် (ဘ) ဦးမိုးဆွေ သည် အရက်သေစာ သောက်စားမူးယစ်ပြီး ဇနီးသည်၏ အ၀တ်အစားများကို မီးပုံရှို့ရာမှ သုံးပင်ထန်းရွက်မိုး ထန်းရွက်ကာ တဲအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ရာ နေအိမ် အတွင်း အိပ် ပျော် နေ သည့် သား၊ သမီးများ ဖြစ်ကြသော သုံးနှစ်အရွယ် မောင်ချစ်သဲမောင်မှာ မီးလောင်မှုကြောင့် တဲထဲတွင် သေဆုံးခဲ့ပြီး ခြောက်နှစ်အရွယ် ပထမတန်း ကျောင်းသူ မမိုးမြင့်မြင့်သူမှာ မီးလောင် ဒဏ်ရာ ရရှိပြီး ၀ဲလောင် ဆေးရုံတွင် ဆေးကုသမှု ခံယူရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ပြီး မှုခင်း အခြေအနေအား စစ်ဆေးခြင်း၊ မီးသင့် ဒုက္ခသည် မိသားစုအား ဆန်နှစ်အိတ်နှင့် ငွေကျပ် ၈၀၀၀၀ တို့အား ပေးအပ် လှူဒါန်းခဲ့သည်။

ဖြစ်စဉ်နှင့် ပက်သက်၍ ၀ဲလောင်ရဲစခန်းမှ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၃၀၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အောင်ထွန်းဦး(ရတနာပုံသတင်းစာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်