Wednesday, February 13, 2013

ထိုင်းစစ်စခန်းကို ဝင်ရောက်စီးနင်းသည့် စစ်သွေးကြွများ သေဆုံး

Posted by drmyochit Wednesday, February 13, 2013, under | No comments

ထိုင်းစစ်ဘက်က နိုင်ငံ တောင်ပိုင်းရှိ ဘာသာရေး အစွန်းရောက် သူပုန်များ ထကြွသောင်းကျန်းနေရာ ဒေသတွင် စစ်တပ် အခြေစိုက် စခန်းတစ်ခုကို အင်နှင့်အားနှင့် ဝင်ရောက် စီးနင်းသော စစ်သွေးကြွများကို စစ်တပ် က ချေမှုန်းနိုင်ခဲ့ကြောင်း ကြေညာ သွားသည်။

ထိုင်းနိုင်ငံတွင် စစ်တပ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးစားရင်း စစ်သွေးကြွ (၁၇)ဦးထက်မနည်း သတ်ဖြတ် သုတ်သင် ခံခဲ့ရကြောင်း သိရှိရသည်။ ထိုင်းစစ်ဘက်က နိုင်ငံ တောင်ပိုင်းရှိ ဘာသာရေး အစွန်းရောက် သူပုန်များ ထကြွသောင်းကျန်းနေရာ ဒေသတွင် စစ်တပ် အခြေစိုက် စခန်းတစ်ခုကို အင်နှင့်အားနှင့် ဝင်ရောက် စီးနင်းသော စစ်သွေးကြွများကို စစ်တပ်က ချေမှုန်းနိုင်ခဲ့ကြောင်း ကြေညာသွားသည်။ မလေးရှားနှင့် နယ်စပ်အနီးရှိ နာရာသီဝပ် ဒေသတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း စစ်သားများဘက်မှ အသေအပျောက် ရှိမရှိကိုမူ ထိုင်းစစ်တပ်က မကြေညာခဲ့ချေ။ ထိုင်းစစ်တပ်၏ ဖော်ပြချက်တွင် အခြေစိုက်စခန်းကို ဝင်စီးနင်းရန် ကြိုးပမ်းသူ စစ်သွေးကြွ အများအပြား ရှိခဲ့ပြီး အခြေအနေ မဟန်သည့်အခါ ဆုတ်ခွာသွားကြောင်း ပါရှိသည်။

ထိုင်းနိုင်ငံ၏ တောင်ပိုင်းဒေသ (၃)ခုတွင် မကြာသေးမီ နှစ်များအတွင်းက မတည်ငြိမ်မှုများ ပိုမို ဆိုးရွားလာခဲ့သည်။ ဆယ်စုနှစ် တစ်ခုမျှ ကြာမြင့်ခဲ့သော ပဋိပက္ခ ရပ်ဝန်းအတွင်း လူပေါင်း (၅၀၀၀)ကျော် သေဆုံးခဲ့သည်။ (၂၀၀၄)ခုနှစ်က စတင်ကာ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် အဆိုပါ ဒေသများတွင် ခွဲထွက်ရေး လှုပ်ရှားမှုများ တွင်ကျယ်လာခြင်း ဖြစ်သည်။ သာမန်အားဖြင့် ထိုင်းစစ်တပ်ကို သူပုန်များက လမ်းဘေးဗုံးထောင်ခြင်း၊ ပစ်ခတ်ပြီး ထွက်ပြေးခြင်းတို့မျှသာ ပြုလုပ်လေ့ ရှိသော်လည်း ယခုလို စီးနင်းတိုက်ခိုက်ရန် ကြိုးစားခြင်းသည် မကြာသေးမီ နှစ်ပိုင်းများအတွင်း အပြင်းထန်ဆုံး ဖြစ်သည်။

"လာတိုက်တဲ့ သူပုန်တွေက လက်နက်ကိုင် အယောက်(၆၀)လောက် ရှိတယ်။ ဘာချိုက မရိန်းစစ်တပ် စခန်းကို မနက် အစော ပိုင်းကြီး ဝင်တိုက် တာပါ။ သူတို့ဘက်က (၁၇)ယောက်လောက် ကျတယ်"ဟု ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ် ပါရာဒွန် ပတ်တာနာသာဘူက ပြောကြား ခဲ့သည်။ စစ်တပ်သည် အဆိုပါ တိုက်ခိုက်မှု မဖြစ်မီ ကတည်းက ဒေသခံများထံမှ သတင်းပေးမှုကို ရရှိထားကြောင်းလည်း အခြားစစ်ဘက် အရာရှိ တစ်ဦးက ဆိုသည်။ ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများဆုံး နေထိုင်သော်လည်း ပါတာနီ၊ ယာလာနှင့် နာရာသီဝပ် ဒေသများတွင် အစ္စလာမ် ဘာသာဝင်များ အထူထပ်ဆုံး နေထိုင်ကြောင်း သိရှိရသည်။ 

Source: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်