Wednesday, February 13, 2013

ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေး မြန်မာ-ထိုင်း ဆွေးနွေးမည်

Posted by drmyochit Wednesday, February 13, 2013, under | No comments

ရခိုင် ပြည်နယ်မှ တရားမဝင် ဝင်ရောက်လာသည်ဟု ယူဆရသည်ဟု ဆိုသည့် ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေး ဆွေးနွေးရန် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး တို့ ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် လအတွင်းက ထိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Jullapong Nonsrichai မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိနေသော ရိုဟင်ဂျာ (ဘင်္ဂါလီ) များသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မှ ဝင်ရောက်လာခြင်း (သို့မဟုတ်) ဘင်္ဂလာဒေ့ရှ် နိုင်ငံမှ ဝင်လာခြင်း ဟုတ် မဟုတ် မြန်မာအစိုးရ နှင့် ဆွေးနွေး ခဲ့သော်လည်း တိကျ သေချာသည့် အဖြေ မရရှိခဲ့ ခြင်းကြောင့် နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် လာရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ယင်း သတင်းစာ တွင် ဖော်ပြထားသည်။

အဆိုပါ ခရီးစဉ် နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ တစ်စုံတစ်ရာ အတည်ပြုချက် မရရှိ သေးကြောင်း သမ္မတ ဦးသိန်းစိန် ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ကိစ္စကို ဖြေရှင်းရန် ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် အခြား အဖွဲ့အ စည်းများ ဖြစ်သည့် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ အစ္စလာမ် နိုင်ငံများ စုစည်းထားသော အစ္စလာမ် မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ချုပ် (OIC) သည်လည်း ထိုင်းအစိုးရနှင့် ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်ပေး ရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားကြောင်း ယင်းသတင်းစာ အရ သိရသည်။

ထိုင်းနိုင်ငံ နယ်စပ်၌ ယခု လက်ရှိတွင် ရိုဟင်ဂျာ (ဘင်္ဂါလီ) တစ်ထောင်ကျော် ခန့်ကို ထိန်းသိမ်း စောင့်ရှောက် ထားပြီး၊ နောက်ထပ် တရားမဝင် ဝင်ရောက်လာသူ များကို လက်ခံတော့မည် မဟုတ်ကြောင်း၊ လက်ခံထားသူ တစ်ထောင်ကျော်အား ထိုင်းလူဝင်မှု ကြီးကြပ်ရေး စင်တာများ နှင့် ဒေသ ဆိုင်ရာ ရဲစခန်း များတွင် ထိန်းသိမ်း ထားပြီး တတိယ နိုင်ငံသို့ ပို့ဆောင်ရန် ကုလသမဂ္ဂ အဖွဲ့ အစည်း များနှင့် ပူးတွဲ လုပ်ဆောင်သွားမည်ဟု ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အထွေထွေ အတွင်းရေးမှူး က ပြောဆို ကြောင်း AP သတင်းဌာန တွင် ဖော်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်