Saturday, April 27, 2013

နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်ရန် ဆုံးဖြတ်ထားမှု မြောက်ကိုရီးယား ထုတ်ဖော် ပြောကြား

Posted by drmyochit Saturday, April 27, 2013, under | No comments

 
ဆိုးလ် ဧပြီ ၂၆ 

မြောက် ကိုရီးယား နိုင်ငံသည် ဧပြီ ၂၅ ရက်က ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အခမ်း အနား ၌ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် မြောက်ကိုရီးယား နိုင်ငံအား နျူကလီးယား အင် အားကြီး နိုင်ငံအဖြစ် ရှုမြင် လာစေရေး ဆုံးဖြတ် ထားမှုအား ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံနှင့် ပြည်ပရှိ ၎င်း၏စစ် အခြေစိုက် စခန်းများအား ဒုံးကျည်ဖြင့် တိုက်ခိုက်မည့် အစီအ စဉ်နှင့် ပတ်သက် ၍ ကင်ဂျုံအွန်အား နိုင်ငံ့ ခေါင်းဆောင်ကြီး အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ကြောင်း သိရ သည်။ 

၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ကျရောက်မည့် ကိုရီးယား စစ်ရပ်စဲရေး စာချုပ်သက်တမ်း နှစ်(၆ဝ) ပြည့်သည့် အ ချိန် တွင် မြောက်ကိုရီးယား နိုင်ငံ သည် နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် အမေရိကန် နိုင်ငံ၏ အသိ အမှတ်ပြု ခံရရေး ရည်မှန်း ထားကြောင်း သိရသည်။ 

မြောက်ကိုရီးယား နိုင်ငံသည် နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမှ နေ၍ ဒုံးကျည် များ ပစ်လွှတ်ရန် အတွက် အသင့်ပြင် ဆင် ထားဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်း မှာပင် မြောက်ကိုရီးယား တာဝန်ရှိသူ များသည် အမေရိ ကန်၊ တောင်ကိုရီးယား နိုင်ငံတို့နှင့် ဆွေးနွေးမှု ပြုလုပ်ရန် အတွက် သတ်မှတ်ချက် များ ရေးဆွဲ ထားကြောင်းနှင့် အဆိုပါ သတ်မှတ်ချက် များတွင် အမေရိကန် - တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့် မှုများ ရပ်တန့်ရေး ဟူသည့် အချက် ပါဝင်ကြောင်း သိရသည်။
 
From: မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်