Saturday, April 27, 2013

ကျွန်တော်တို့ပြစ်မှုကျူးလွန်ရင်ဥပဒေအရအရေးယူပြီးသူတို့ကြတော့ဘာလို့အရေးမယူတာလဲ

Posted by drmyochit Saturday, April 27, 2013, under | No comments



မကြာသေးမီကဖြစ်ပွားခဲ့ သော တပ်မ တော် ကာ ကွယ်ရေး ဦးစီးချုပ်၏မြေးက ယာဉ်ထိမ်းရဲ တပ်သား တစ်ဦး အား ရိုက်နှက်ခဲ့ သည့်ကိစ္စနှင့်ပတ်သက်၍ ကုန် ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကို ထင်ကျော်က ““ကျွန် တော် တို့ပြစ် မှုကျူးလွန်ရင် ဥပဒေအရအရေး ယူပြီး သူ တို့ကြ တော့ ဘာလို့ အရေးမယူတာလဲ””ဟု ဧပြီလ ၂၄ ရက်က ရန်ကုန်မြို့၊ ကျောက် တံတားမြို့နယ် MJN ခန်းမ တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲတွင် ပြောကြားသည်။
 
““ကျွန်တော်တို့ နိုင်ငံက တရားဥပဒေအထက်လူပုဂိ္ဂုလ် တွေရှိနေပါတယ်။ ဘာလို့ဒီလို ပြောရ တာလည်း ဆိုတော့ ကျွန် တော်တို့ပြစ်မှုကျူးလွန်တယ်ဆို ရင် ရဲတွေက ပုဒ်မတွေတစ်သီ ကြီးတပ်ပြီးတော့ အရေး ယူတယ်။ ကျွန်တော်တို့က ပြစ်မှုကျူးလွန် တယ်ဆိုရင် ကျွန်တော်တို့ကို ဖမ်း ပါ။ ကျွန်တော်တို့ခံပါမယ်။ သူတို့ ကြ တော့ ဘာလို့အရေးမယူတာ လဲ။ ရဲတစ်ယောက် ပါးရိုက် ခံရတာဟာ ပြည်ထဲရေးဝန်ကြီး ဌာန တစ် ခုလုံးကို ပါးရိုက်တာနဲ့  အတူတူပဲ။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းမှာ အမှု သွားဖွင့် တယ်။ ဘယ်စခန်း ကမှ အမှုမဖွင့်ပေးဘူး””ဟု ပြော ကြားခဲ့သည်။
 
ရိုက် နှက်ခံ ရသူ ကာယကံ ရှင်ကမူ ၎င်း အ နေဖြင့် အမှုမဖွင့် လိုကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်းသာ နေ လိုကြောင်း၊ လျော်ကြေးငွေ သိန်း ၃၀၀၀ ယူသည်ဆိုခြင်းမှာ လည်း မဟုတ်ကြောင်း မီဒီယာ အချို့သို့ ပြောကြား ထားကြောင်း သိရသည်။ 

ဖြိုးအောင်
The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်