Saturday, April 27, 2013

ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရှိမှု တောင်တွင်းကြီး ဆည်ကုန်း ရပ်တွင် ဖြစ်ပွား

Posted by drmyochit Saturday, April 27, 2013, under | No comments


မကွေး တိုင်း ဒေသကြီး၊ တောင် တွင်းကြီးမြို့နယ်၊ ဆည်ကုန်း ရပ် ကွက်တွင် ၀ိုင်းဝန်းရိုက်နှက်မှု တစ်ခုဖြစ် ပွားခဲ့ ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ၂၄-၄-၂၀၁၃ ရက် နံနက် ၁၁ နာရီ ၃၀ အချိန် ခန့်တွင် ကုက်္ကိုကုန်းအုပ်စု ဆည် ကုန်းရပ်နေ မိုင်မျိုး သန္တာ အောင် ၁၆ နှစ်သည် ဖခင်ဦးအောင်လံ၊ မိခင်ဒေါ် ခင်သွယ် ၀င်း၊ မောင် အရင်းဖြစ်သူ အောင် မျိုးမင်း တို့ နှင့်အတူ နေအိမ်၌ ရှိနေစဉ် ၂၃-၄-၂၀၁၃ ရက်က အဒေါ်အရင်း ဖြစ်သူ ဒေါ်ထွေးထွေးယုနှင့် အဒေါ် ၀မ်းကွဲ တော်သူ မရိုမီခင် တို့ စကားများသည့်ကိစ်္စနှင့်ပတ် သက်ဆက်နွယ်ကာ မကျေနပ်၍ အိမ်၏ နောက်ကျော ချင်း ကပ်နေ ဦးရောဘတ်(၄၃)နှစ် (ဘ)ဦးမောင် မြတို့မှ ဦးရောဘတ်၏ နေအိမ် ၀ိုင်းဖက်မှ ထင်းချောင်း တုတ် များ ဖြင့် ပစ်ခတ်ပြီး ၎င်းတို့ ၄ ဦးသည် ပေါက်ပြား၊ ထင်းချောင်းများကိုင် ဆောင်၍ နေအိမ်ဝိုင်း အတွင်းသို့ ၀င်ရောက် လာပြီး ၀ိုင်းရိုက်နှက် ကြသည်ဆို၏။ 

အဆိုပါရိုက်နှက် ခံရမှုကြောင့် ဦးအောင်လံတွင် ၀ဲ ဘက်ဂျိုဇောင်း ၁လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက် ငယ် ထိပ် ၃ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ခါး နာကျင်ဒဏ်ရာ(စိုးရိမ်ရ)ဒေါ်ခင် သွယ်ဝင်းတွင် ၀ဲဘက်လက်ဖျံ ၁ လက် မခန့် ပေါက်ပြဲဒဏ်ရာ၊ ခါး ယာဘက်ခြမ်းညိုမဲဒဏ်ရာ၊ မိုင် မျိုးသန္တာအောင်တွင် ၀ဲဘက် လက်မောင်း ရင်းနာ ကျင်ဒဏ်ရာ ၊ ယာဘက်လက်ခလယ်ညိုမဲဒဏ် ရာဝဲဘက်ဒူးခေါင်းဖုရောင်ဒဏ် ရာ၊ မောင်အောင် မျိုးမင်းတွင် ၀ဲ ဘက်လက်ပြင်နာကျင်ဒဏ်ရာ၊ ၀ဲ ဘက်ခြေစုံနာကျင်ဒဏ်ရာအသီး သီး ရရှိခဲ့ သည်ဆို၏။ 

ယင်းဖြစ် စဉ်နှင့်ပတ်သက်၍ မမိုင်မျိုးသန္တာ အောင်မှ ရောဘတ်၊ သံလွင်စိုး၊ မိုင်မောင်နောင်ခင်၊ မရိုမီခင်တို့ ၄ ဦးအား ဥပဒေအရ အရေးယူပေး ပါရန် တရားလိုပြုလုပ်တိုင်တန်း သဖြင့် ကုက်္ကိုကုန်းရဲစခန်းမှ (ပ) ၂၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၅/  ၃၂၆/၄၅၁ ဖြင့် အမှုရေးဖွင့်ပြီး စစ်ဆေးနေကြောင်း သိရသည်။ ယင်းသို့ စစ်ဆေး ဆောင်ရွက် နေစဉ် ဦးအောင်လံ ၅၉ နှစ်(ဘ)ဦးပိုချစ် ဆည်ကုန်းရပ်ကုက်္ကိုကုန်းအုပ်စုနေ သူမှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ဆေးကုသမှု ခံယူရန် သွားရောက်စဉ် ၂၄-၄-၂၀၁၃ ရက် ည ၇ နာရီ အချိန် ဆေးရုံသို့အရောက် ရရှိဒဏ်ရာ ဖြင့် သေဆုံးသွားကြောင်း သမီး အရင်းဖြစ်သူ မနော်မီမှ ၂၅/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၅/၃၂၆/ ၄၅၁ မှ ပြစ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအရေးယူထားကြောင်း သတင်း ရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)
HOT NEWS WEEKLY JOURNAL 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်