Sunday, May 12, 2013

နိုင်ငံတော်သမ္မတမှ နိုင်ငံစွမ်းဆောင်ရည်ဆု ပေးခဲ့ခြင်းအပေါ် ဆန္ဒထုတ်ဖေါ်လိုကြောင်း စာတင်ခဲ့သည့် တသီးပုဂ္ဂလဦးစိန်လှ ခေါ်ယူစစ်ဆေးခံရ”

Posted by drmyochit Sunday, May 12, 2013, under | No comments


ဦးတင်မောင်(ခ)Lee San Shain အား နိုင်ငံတော်သမ္မတမှ နိုင်ငံ စွမ်းဆောင် ရည်ဆု ဆုချီးမြှင့် ခဲ့ခြင်း အပေါ် ဦးစိန်လှ ဦးဆောင်သော ထီးချိုင့် မြို့ နယ် မောင်းကုန်းအုပ်စုရှိ ဒေသခံ(၅၀၀)တို့မှ ငြိမ်းချမ်း စွာ စီတန်းလှည့် လည် ၍ ဆန္ဒထုတ်ဖေါ်သွားမည်ဖြစ်ရာ ထိုဆန္ဒ ထုတ်ဖေါ် လိုမှုကို အခြေခံ ဥပဒေနှင့်အညီ မြို့နယ်ရဲတပ် ဖွဲ့ မှူး ထံ စာတင် ခဲ့ပြီး ဖြစ်သည်၊ထိုသို့ စာတင်ခဲ့သည့်အပေါ် ထီးချိုင့်မြို့နယ် ရဲတပ် ဖွဲ့ မှူးမှ ခေါ်ယူ၍ တရားခံ တစ်ဦး သဖွယ် စစ်ချက် ယူခဲ့သည့် အပေါ် ကျေနပ်မှု မရှိပါကြောင်း ယခုလို ပြောကြားခဲ့ပါသည်။

“မြို့နယ်ရဲတပ်ဖွဲ့မှူးက ကျွန်တော်တင်ခဲ့တဲ့ ဆန္ဒထုတ်ဖေါ်ခွင့် အပေါ် ခေါ်ယူမေးမြန်းတယ်ဆိုတာထက် စစ် ချက်ယူ တဲ့ပုံစံမျိုး ဖြစ်နေတယ်၊တရားခံ တစ်ယောက်ကို စစ်သလိုမျိုး စစ်ဆေးတဲ့အတွက် ကျွန်တော် ကျေနပ် မှု မရှိပါဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ခွင့်ကို ထိပါးပါတယ်၊မြို့နယ် ရဲ တပ် ဖွဲ့ မှူးပြောတဲ့ အထဲမှာ ဦးတင်မောင် တရုတ် မဟုတ်တဲ့အကြောင်းတို့၊သူတပါးကို မတရား အမှုဆင် ဖမ်း ဆီး မှုတွေ ရှိတယ်ဆိုတာ ဘယ်သူ့ကိုလဲတို့၊ဘယ်တုန်းကလဲတို့၊လယ်မြေတွေ မတရားသိမ်းဆည်း တယ် ဆို တာ ဘာသက်သေရှိလဲတို့လည်း ပါပါတယ်၊ကျွန်တော်က ကျွန်တော် သိထားသမျှတွေ ကိုပြော တယ်၊ သက်သေအထောက်အထားတွေလည်း ပြနိုင်ကြောင်း ပြောပါ တယ်၊ ၇၊၅၊၂၀၁၃ရက်နေ့ ညနေ၄ နာ ရီမှာ စစစ်တယ်၊၄၅မိနစ်ကြာပါတယ်၊ဒီလိုသာ ဆန္ဒ ထုတ်ဖေါ် ခွင့် တောင်းခံ သူတိုင်းကို တရားခံလို စစ်ေ ဆးေ န ရင် ဘယ်သူက လျှောက်ထားရဲတော့မှာလဲ၊အခြေခံ ဥပဒေမှာ ပါတဲ့ လွတ်လပ်စွာဆန္ဒ ထုတ်ေ ဖါ် ခွင့် ဆိုတာဟာ လူထုတွေ အသုံးမချရဲအောင် လုပ်ခံနေ ရသ လိုဖြစ်နေ ပါတယ်”ဟုရှေ့နေလည်းဖြစ်သူ တ သီး ပုဂ္ဂ ဦးစိန်လှမှ ဆိုပါသည်၊

ထိုဖြစ်စဉ်များနှင့် ပါတ်သက်၍ စာရေးဆရာ၊ကာတွန်းဆရာ ဆရာဟာဂျူလီ(ကသာ)ထံ မေးမြန်းရာ “အခြား ဟာေ တြေ တာ့ မသိဘူး၊ ဦးတင်မောင် မတရား အမှုဆင်ဖမ်းဆီးမှုရှိတယ်ဆိုတာ ဒါဟာ ဒုတိအကြိမ် ကြား ဖူး ခဲ့ တာပါပဲ၊ပထမ အကြိမ် အဲဒီစကား ကြားဖူးခဲ့တာက စာပေဗိမ္မာန်ဆုတွေ အကြိမ်ကြိမ်ရခဲ့တဲ့ ဆရာေ မာင်ချစ်ထွေး(မဟာဝိဇ္ဇာ)ှပြောပြခဲ့တာ၊ဆရာမောင်ချစ်ထွေးဆိုတာ စာရေးဆရာဖြစ်ပြီး ပြန်/ဆက်ကနေ ခရိုင်ဦးစီးမှူးဘ၀နဲ့ ပင်စင်ယူလာခဲ့သူပါ၊ဂရိတ်ဝေါဦးတင်မောင်နဲ့ အလုပ်ပေါင်းလုပ်ရင်း ဆရာမောင် ချစ်ထွေး ပိုင်တဲ့ တကောင်းက မြေလွတ်မြေရိုင်း ဧကပေါင်းများစွာကို ဦးတင်မောင်က သိမ်းတယ်ပေါ့၊အဲဒီ လို သိမ်းလို့ မန္တလေးတိုင်းတရားရုံးမှာ ဦးတင်မောင်ကို ဆရာဦးချစ်ထွေးက မြေလွတ်မြေရိုင်း ပြန်လှယ် ရယူ လိုမှုနဲ့ တရားစွဲပါတယ်၊မန္တလေးတိုင်းမှာ အဲဒီလို တရားစွဲလို့ဆိုပြီး ဦးတင်မောင်က ဆရာ ဦးချစ်ထွေးကို ထီးချိုင့်တရားရုံးမှာ တရားစွဲတော့ ဆရာဦးချစ်ထွေးထောင်ကျလာတယ်၊အဲဒီလို က သာေ ထာင် ကို ဆရာမောင်ချစ်ထွေး ရောက်လာတော့ ကျွန်တော် သွားတွေ့တယ်၊အဲဒီမှာ ပြောပြခဲ့တာပါ၊မန္တလေး တရားရုံးက တောင်ယာပိုင်ဆိုင်ခွင့် မဆုံးဖြတ်သေးခင်မှာ ထီးချိုင့်တရားရုံးကထောင်အရင် ချလိုက် တာဟာ သူ့(ဆရာမောင်ချစ်ထွေး)အတွက် နစ်နာတယ်၊တရားသူကြီးက ဦးတင်မောင်ကို မလွန် ဆန်နိုင် လို့ ထောင်ချလိုက်တယ်ပေါ့၊အဲဒီလို ဥပဒေနဲ့ မညီ ထောင်ချလိုက်တဲ့အတွက် တစ်သက်လုံး နိုင်ငံ အတွက် လုပ်လာတဲ့  ဆရာဦးချစ်ထွေး ဟာ ပင်စင်စားဘ၀ အသက်(၆၇)နှစ်မှ ထောင်ကျခံရတယ်၊ရနေတဲ့ ပင် စင်တွေ ရပ်ဆိုင်းခံရတယ်၊အဲဒါတွေဟာ ဦးတင်မောင်ရဲ့ မတရား အမှုဆင်ခဲ့မှုကြောင့်လို့ ဆရာဦး ချစ်ေ ထွး ပြောခဲ့တယ်၊ဆရာဦးချစ်ထွေး ပြောတာတွေ ဖြစ်နိုင်တယ်၊

ဘာကြောင့်လဲဆိုတော့ မကြာခင်မှာပဲ ဆရာဦးချစ်ထွေး ဟာ ခရိုင်တရားရုံးမှာ အယူခံနိုင်ပြီး ထောင်က လွတ် သွား ခဲ့တယ်၊မန္တလေး တရားရုံးအမှုမှာလည်း သူနိုင်သွားခဲ့တယ်၊ ထောင်ထဲမှာတော့ အတော်နေ လိုက်ရ တာပေါ့၊ ဆရာဦးချစ်ထွေး ဇာတ်လမ်းတွေ ပြန်ပွလာနိုင်ပါတယ်၊ဒါက ကျွန်တော် ကို ဆရာမောင် ချစ်ထွေး ကိုယ်တိုင်ပြောဖူးခဲ့တာပါ၊”ဟုဆိုပါသည်၊

( ခရီးသွားဧရာဝတီ )

ဟာကျူလီ ကသာစာမျက်နှာမှ
OPP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်