Sunday, May 12, 2013

တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၂၇ ဦး သေဆုံး

Posted by drmyochit Sunday, May 12, 2013, under | No comments



မေလ ၁၂ ရက် ၂၀၁၃ 

တရုတ်နိုင်ငံမှာ ၂ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် အသေအပျောက် အများဆုံး သတ္တုတွင်းပေါက်ကွဲမှု ထပ်မံဖြစ် ပွားခဲ့ တာမို့ တရုတ် အာဏာ ပိုင်တွေ စုံစမ်း စစ်ဆေး နေကြပါတယ်။

တရုတ်နိုင်ငံ Sichuan ခရိုင်မှာ စနေနေ့က ကျောက်မီးသွေး သတ္တုတွင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး သတ္တု တွင်းလုပ်သား ၂၇ ဦး သေဆုံး ခဲ့ရပါတယ်။

ကျောက်မီးသွေးတွင်းတူးသမား ၈၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲက ၆ ဦး ထက်မနည်း ဒဏ်ရာ အပြင်း အထန် ရရှိခဲ့ သလို ဒါဇင်နဲ့ချီပြီး ထိခိုက် ဒဏ်ရာရမှု ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့ ကလည်း ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှုတခု ဖြစ်ပွားရာက သေ ဆုံးရသူ ၁၂ ဦး ရှိခဲ့ပါတယ်။

သောကြာနေ့ ပေါက်ကွဲမှု ကတော့ Guizhou ခရိုင်နားမှာ ဖြစ်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ ရှိတဲ့ သတ္တုတွင်း လုပ်ငန်း တွေ ဟာ ကမ္ဘာမှာ လူအသေအပျောက် အများဆုံး လုပ်ငန်းတခု ဖြစ်ပါတယ်။

VOA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်