Sunday, May 12, 2013

ဒလ-ပန်းဆိုးတန်း သဘောင်္ကူးတို့ခ တို့မြင့်ကောက်ခံမှုအပေါ် ဆန္ဒထုတ်ဖော်

Posted by drmyochit Sunday, May 12, 2013, under | No comments



ရန်ကုန်၊ မေ ၁၂။

ဒလမြို့တွင် ယနေ့ ၈နာရီခန့်၌ သဘောင်္ကူးတို့ခများ တို့မြင့်ကောက်ခံမှုအပေါ် ပြန်လည်လျောက် ချရေး အတွက် လူဦးရေ(၂၀)ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ကျွန်တော် တို့ အနေနဲ့ ဆန္ဒထုတ်ဖော် ရတာဟာ။ ကျွန်တော်တို့ ဒလမြို့အခြေခံ လူတန်းစားတွေ အတွက် ပါတယ်။ သူတို့ရဲ့တစ်နေ့ဝင်ငွေဟာ ၈၀၀လောက်ပဲ ရတဲ့သူတွေရှိပါတယ်။ အဲ့ဒီတော့ သူတို့အတွက် အခက် အခဲတွေ ရှိပါ တယ်”ဟု ဦဆောင်သူ ဦးအောင်မင်းက ပြောကြားသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် တရာဝင်ခွင့်ပြုမိန့်များ နှစ်ကြိမ်တောင်းခံခဲ့ကြောင်း၊ ယခုအခါတွင် အဖမ်း အဆီး များ ပြုလုပ်မည်ဟု ဆိုသောကြောင့် အချို့မှာ မလာရဲကြခြင်းဖြစ်ပြီး မိမိတို့ အနေဖြင့်လည်း အေးချမ်း မှုကို သာ လိုလာကြောင်း ထို့အပြင် ၎င်းဆန္ဒပြမှုနှင့် ပတ်သက်ပြီး အဆင်ပြေသည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ဖို့ လူမရှိတဲ့ လယ်ကွင်းထဲကို ပေးတယ်။ ပြီးတော့ ကျွန်တော်တို့ ဝန်ထမ်းတွေ လစာ တိုးပေး လိုက်တဲ့အတွက် သဘောင်္ကတွေလည် တိုးကောက်သလိုပြောတယ်။ ကျွန်တော်တို့ ဒလမှာ သုံးပုံ တစ် ပုံဟာ ဝန်ထမ်းတွေ မဟုတ်ပါဘူး။ အခြေခံ လူတန်းစားတွေပါ။ တစ်နေ့လုပ်မှ ၈၀၀လောက်ရတဲ့ လူတွေရှိ တယ်”ဟု ဒလမြို့မှ ကဗျာဆရာ ကိုရွှေကြယ်မိုးက ပြောကြားသည်။ ထို့အပြင် ၎င်းကိစ္စနှင့် ပတ် သက် ၍ ပြေလည်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြား သည်။

ထို့သိုပြုလုပ်ရခြင်းမှာ ခရီးသည်များအတွက် အဆင်ပြေစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်မှတ် ခများ တိုးမြင့် လိုက်သောကြောင့် ယခုကဲ့သို့ ခုံထိုင်ခုံများကို အခမဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် တပ် ဆင် ရန် လိုအပ်သော ထိုင်ခုံများမှာကိုလည်း အမြန်းဆုံး ဆောင်ရွက်ပေးနေကြောင်း သိရသည်။ မှု လက ၅၀ ကျပ်မှ ယခု၁၀၀ကျပ်သို့ တိုးမြင့်ကောက်ခံခြင်း ဖြစ်ကြောင်း (ပို့ဆောင်ရေး)ဌာနမှ ဒုအတွင်းရေးမှူး ဦးရှိန်ယော က ဧပြီလ ၂၈ရက်နေ့တွင် မြန်မာ့ခေတ်သို့ ပြောကြထားသည်။

ပိုင်လေး
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်