Tuesday, May 21, 2013

မိုးညှင်းမြို့နယ်၊ပြည်ခိုင်ဖြိုးဧည့်ရိပ်သာအနီးတွင်လက်ပစ်ဗုံး(၃)လုံးတွေ့ရှိ

Posted by drmyochit Tuesday, May 21, 2013, under | No comments


ကချင်ပြည်နယ်၊မိုးညှင်းမြို့ ပြည်ခိုင်ဖြိုးပါတီဧည့်ရိပ်သာနှင့် မြို့နယ်စည်ပင်ဝန်ထမ်းအိမ်ယာ အနီးတွင် မှိုသွား ရှာသွားသော လူငယ်နှ စ်ဦးမှ တရုတ်နိုင်ငံလုပ် နိုင်တီဝမ်း အမျိုး အစားလက်ပစ် ဗုံး(၃) လုံးတွေ့ရှိခဲ့ သဖြင့်သက် ဆိုင် ရာသို့ အကြောင်းကြားခဲ့ရသော ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပေသည်။

စုံစမ်းသိရှိရသည်မှာ မိုညှင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၀န်ထမ်းအိမ်ယာတွင်နေထိုင်သော စည် ပင်နေ့စား ၀န်ထမ်းမောင် သင်္ကြန်နှင့်မောင်ကျော်စိုးတို့သည် မေလ(၁၄)ရက်နေ့နံနက်(၇)နာရီခွဲ အချိန် တွင် စည်ပင် ၀န်ထမ်းအိ မ် ယာအနီးတောစပ်သို့မှိုရှာထွက်ခဲ့ ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဧည့်ရိပ်သာ၏ အနောက်ဘက်ပေ(၂၀၀)ခန့် အကွာရှိ ပိန္နဲ ပင်အောက် တွင် လက်ပစ်ဗုံး(၃)လုံးတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ဆက်သွယ် အကြောင်းကြား ခဲ့ရာ နယ်မြေ ခံ အမြှောက် တပ်ရင်းမှူးဒုတိယ ဗိုလ်မှူးကြီးနေမင်းဦးနှင့်တပ်ဖွဲ့ ၀င်များ၊မိုးညှင်းမြို့၊မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူး လှထွေးနှင့်တပ်ဖွဲ့ဝင် များ၊အောင်သပြေရပ်ကွက်အုပ် ချုပ်ရေးမှူးဦးနော်လာနှင့်အဖွဲ့ ၀င်များ သည် အခင်းဖြစ် အရပ်သို့ လာရောက်စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးချက်အရ  အဆိုပါတွေ့ရှိသောလက်ပစ်ဗုံး (၃)လုံးမှာတရုတ်နိုင်ငံလုပ်နိုင်တီ ၀မ်း (၉၁) အမျိုး အစား လက်ပစ်ဗုံး (အဟောင်း)များဖြစ်ပြီးပေါက်ကွဲ နိုင်မှုစွမ်းအားမရှိတော့ကြောင်း သိရှိရပြီးတွေ့ရှိ ရသောလက် ပစ်ဗုံး (၃)လုံးအားဒုတိယဗိုလ်မှူးကြီး နေမင်းဦးနှင့်အဖွဲ့မှသိမ်းဆည်း သွားခဲ့ကြောင်း သိရှိရ ပါ သည်။


သစ္စာ(မိုးညှင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်