Tuesday, May 21, 2013

မိတ္ထီလာ ဘုန်းတော်ကြီး အသတ်ခံရမှု ထောင်ဒဏ် အသီးသီးချမှတ်လိုက်

Posted by drmyochit Tuesday, May 21, 2013, under | No comments


မိထ္တီလာတွင် ဘုန်းတော်ကြီး ဦးသောဘိတ အသတ်ခံရမှုအတွက် တရားရုံးတင် စစ်ဆေးခံနေရသော တ ရား ခံ ၇ ဦးကို မိထ္တီလာခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ်မှ ၂၈ နှစ်အထိ အသီးသီး ချမှတ်လိုက်တယ် လို့ သတင်း ရပါတယ်။

အဆိုပါ ဘုန်းတော်ကြီး ဦးသောဘိတ သတ်ဖြတ်ခံရမှုဟာ မကြာသေးမီက မိတ္ထီလာမြို့က အစပြုကာ ဆူပူ အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ အဓိက မီး တစ ဖြစ်ခဲ့တာပါ။

အဆိုပါ ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှုနဲ့ သံသယဖြစ်သူ အဆိုပါ ၇ ဦးကို အခုလို ပြစ်ဒဏ်တွေ ချလိုက်တာ နဲ့ပတ် သက်ပြီး ၄င်းတို့ရဲ့ ရှေ့နေ့ ဦးသိန်းသန်းဦးကတော့ ထောင်ကျသွားသူတွေရဲ့ မိသားစု ဆွေမျိုးတွေ အနေ နဲ့ အသနားခံစာ တင်ဖို့တော့ အခွင့်အရေးရှိတယ်လို့ အေဖက်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

မိတ္ထီလာ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လူပေါင်း ၄၄ ဦး သေဆုံးတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ စာရင်း က ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဧပြီလတုန်းကလည်း မိတ္တီလာ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ပိုင်ရှင် ၃ ဦးကို ဆိုင် မှာ ရွှေ လာရောင်း သူတွေကို စော်ကားမှု၊ ထိခိုက်နာကျင်စေမှုတွေနဲ့ ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ ပါသေးတယ်။

ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်