Tuesday, May 21, 2013

အိမ်သာကျင်းထဲ မွေးကင်းစကလေးငယ် စွန့်ပစ်သော မိခင်ကို အမှုဖွင့်

Posted by drmyochit Tuesday, May 21, 2013, under | No comments

ရန်ကုန်၊ မေ- ၂၀

ပတ်ဝန်းကျင်က ကဲ့ရဲ့မည်ကိုစိုး၍ မွေးကင်းစကလေးငယ်ကို မိလ္လာကျင်းထဲတွင် စွန့်ပစ်သော (၁၉)နှစ် အရွယ် မိခင်ကို ပြစ်မှုပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့် အရေး ယူ ထားကြောင်း ကန်ကြီးထောင့်မြို့နယ် ရဲစခန်းမှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ပုသိမ်ခရိုင်၊ ကန်ကြီး ထောင့်မြို့နယ် ဘုရားကုန်းအမှတ် (၁)ရပ်ကွက်နေ ဦးထွန်းသန့်သည် မေ ၁၇ ရက် နံနက်က ၎င်းနေထိုင်ရာ ခြံဝင်းအတွင်း အိမ်သာကျင်းထဲမှ ကလေးငိုသံကြားရသဖြင့် ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးလှခိုင်ကိုအကြောင်းကြား၍ ကလေးကို အိမ်သာကျင်းထဲမှ ထုတ်ယူခဲ့သည်။ ထို့နောက် ကန်ကြီးထောင့်မြို့နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။ စွန့်ပစ်ခံရသူ ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး သူနာပြု ဆရာမတစ်ဦး ကမွေးစားရန် စီစဉ်ခဲ့သော်လည်း ည ၈ နာရီခန့်တွင် သေဆုံးသွားကြောင်း မြို့ နယ်ဆေး ရုံမှတာဝန်ကျ ဆရာမတစ်ဦးကပြောသည်။

ကလေးငယ် စွန့်ပစ်သွားသူကို စုံစမ်းရာ စတင်တွေ့ရှိသူ ဦးထွန်းသန်း၏ သမီးဖြစ်သူ မ . .(၁၉) နှစ် မှာ အမူ အရာ ပျက်ယွင်းနေ ၍ ရဲစခန်းသို့ခေါ်ယူစစ်ဆေးရာ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံသောကြောင့် အသက် ၁၂ နှစ်အောက် ကလေးကို စွန့်ပစ်မှုပုဒ်မ ၃၁၇ ဖြင့် ၎င်းကိုအမှုဖွင့်ထားကြောင်း မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် သန်းတင်အောင်က ပြောသည်။

“ပြစ်မှုကျူးလွန်တဲ့ ကောင်မလေးရဲ့ အဖေဦးထွန်းသန်းက အရမ်းရိုးတာ။ လက်သမားအလုပ်လုပ်ပြီး ရပ်ကွက် ထဲမှာနေ တဲ့ အချိန်လည်းနည်းတော့ သမီးဖြစ်သူ ကိုယ်ဝန်ဆောင်ထားမှန်းတောင် မသိရှာ
ဘူး။ ကလေး ကို ကရုဏာသက်ပြီး သူကိုယ်တိုင်ဆေးရုံကိုလိုက်ပို့ပေးခဲ့တာ”ဟု ဘုရားကြီး အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှခိုင်ကပြောသည်။

ပြစ်မှုကျူး လွန်းသည်ဟု ၀န်ခံထားသော တရားခံကို လက်ရှိအချိန်တွင် ရဲစခန်းမှ အာမခံဖြင့် နေထိုင် ခွင့်ပေး ထားကြောင်း မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ စွန့်ပစ်ခံရသူ ကလေးငယ်အသက်အန္တရာယ်မရှိမှသာ အသက် ၁၂ နှစ်အောက် ကလေး ငယ်ကို စွန့်ပစ်မှုပုဒ်မ ၃၁၇ ဖြင့် အရေးယူနိုင်ပြီး ကလေးငယ်သေ ဆုံးသွား ပါက အမှု ကို ခိုင်လုံစွာ စစ်ဆေး၍ လူသတ်မှု(သို့မဟုတ်)လူသေမှုတို့ဖြင့် ပြောင်းလဲအမှုဖွင့်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေဦးသန်းစိုးကပြောသည်။

7Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်