Tuesday, May 21, 2013

သားဖြစ်သူနှင့် အိပ်ခဲ့သည့်ဆရာမထံက ဒေါ်လာ ၁၀ သန်းလျှော်ကြေးရလိုကြောင်း မိခင်တရားစွဲ

Posted by drmyochit Tuesday, May 21, 2013, under | No comments


သားဖြစ်သူနှင့် အတူအိပ်စက်ခဲ့သည့် ဆရာမတစ်ဦးကို ဥပဒေကြောင်းအရ လျှော်ကြေးအဖြစ် ဒဏ်ငွေ ဒေါ် လာ ၁၀ သန်း ရလိုကြောင်း တရားစွဲသည့်ဖြစ်ရပ်တစ်ခု အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ရှိ ဘရွတ် ကလင်းမြို့ တွင် ဖြစ်ပွားခဲ့သည်။

အသက် ၁၆ နှစ်အရွယ် ကျောင်းသားလူငယ်ကို ဖျားယောင်းသိမ်းသွင်းပြီး အတူအိပ်စက်ခဲ့သည့် ဆရာမ သည် ဘရွတ် ကလင်း အရပ်ရှိ ဂျိမ်းစ် မက်ဒီဆင် အထက်တန်းကျောင်းမှဖြစ်ပြီး အီရင် ဆေယာ ဆိုသူ ဖြစ် သည်။ မိခင် ဖြစ်သူ မော်ရင်း အန်းက မိမိသား ကီဗင်သည် ဆရာမကြောင့် ကလေးဘဝ ပျက်စီး သွားခဲ့ရ သဖြင့် နစ်နာကြေး ဒေါ်လာ ၁၀ သန်း တောင်းခြင်းဖြစ်ကြောင်း ရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့သည်။

အီရင်သည် အင်္ဂလိပ်စာပြသည့် ဆရာမဖြစ်ပြီး ကျောင်းသားဖြစ်သူ ကီဗင်သည် လာမည့် ဒီဇင်ဘာလတွင်မှ အသက် ၁၆ နှစ်ပြည့် မည်ဖြစ်သည်။ ရုံးတော်တွင် အစစ်ခံချက်များအရ ကီဗင်နှင့် အီရင်တို့ သည် ကျောင်းခန်း အတွင်း၊ ကားအတွင်း ၈ ကြိမ်ထက်မနည်း အတူ အိပ်ခဲ့ကြကြောင်း သိရသည်။

ဆရာမ အီရင် ဆေယာသည် ယခု အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ကျောင်းက သူမကို ၁၁ တန်းတွင် အင်္ဂလိပ်စာ သင်ပြ ရန် ငှားရမ်းထားခြင်းဖြစ်သည်။ အီရင်သည် ကျောင်းသားများကို မူးယစ်ဆေးဝါးများဖြင့်လည်း သိမ်းသွ င်း စည်းရုံးကြောင်း ထွက်ဆိုချက်များ အရ သိရှိရသည်။

From: မောက္ခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်