Tuesday, May 21, 2013

ဒေါက်တာဆိတ်ဖွားဆိုသူ ကိုယ်တိုင်လာရောက် ဝန်ခံဟုဆို

Posted by drmyochit Tuesday, May 21, 2013, under | No comments

နေပြည်တော်၊ မေ ၂၀

တရားဥပဒေအထက်တွင် လွှတ်တော်ရှိသည်ဟု အင်တာနက် ဘလော့စာမျက်နှာ တွင် ရေးသား ခဲ့ သူ ဒေါက်တာ ဆိတ်ဖွား ဆိုသူသည် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဝန်ခံခဲ့ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မ ရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

မေလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး မကျင်းပမီ သတင်း မီဒီယာ များနှင့် တွေ့ဆုံရာ၌ ဦးလှဆွေက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒေါက်တာ ဆိတ်ဖွား ဆိုသူက သူကိုယ်တိုင် လာရောက်ဝန်ခံသွားတယ်။ ဘယ်သူဆိုတာတော့ ကျွန်တော် မပြောဘူး" ဟု ၄င်းက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် များကို Above The Law (ဥပဒေအထက်တွင် ရှိနေသလားရေးသား) ဆိုသော ခေါင်း စဉ်ဖြင့် ဝေဖန်ရေးသား ခဲ့သူကို ထုတ်ဖော်နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော် မရှင် ဥက္ကဋ္ဌ ဦးမြငြိမ်းက ဧပြီလ ၂၂ ရက်နေ့က ပြောကြားထားသည်။

ဒေါက်တာဆိတ်ဖွား ဆိုသူ၏ ဆောင်းပါးသည် လွှတ်တော်ကိုယ်စားလှယ် များ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင် သဖြင့် ဆောင်းပါ ရေးသားသူကို ကော်မတီဖွဲ့ စစ်ဆေး အရေးယူပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ စိုးရင်က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အဆို တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇန်နဝါရီလ ၈ ရက်နေ့တွင် ကော်မတီဖွဲ့စည်းပေးခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်