Tuesday, May 28, 2013

လားရှိုးပဋိပက္ခ ဖတ်မိသမျှ

Posted by drmyochit Tuesday, May 28, 2013, under | No comments


လားရှိုးမြို့မဈေး မီးကူးဆက်မည်ကို ဒေသခံ စိုးရိမ်
***********************************
လားရှိုး၊ မေ ၂၈။

လားရှိုးမြို့မဈေးတွင် အလှကုန်ဆိုင်ဖွင့်ထားသော၊ 
အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက 
“အန်တီ့ မျက်စိအရှေ့မှာပဲ ဆိုင်ကယ် နှစ်စီး မီးရှိ့နေတာ
တွေ့တယ်၊ ဗလီဘက်မှာ မီးခိုးတွေ တအားထွက်လာတယ်၊ အန်တီတို့ကတော့ ဈေးကို မီးကူးစက်လာမှ ကြောက် နေရတယ်။ ဗလီထဲမှာတော့ လူတွေရှိတာ တွေ့တယ်။ ခဲနဲ့လှမ်းပေါက်လို့ အန်တီ့
ခေါင်းကို လာထိသေးတယ်။ ဆိုင်ကယ် ဦးထုပ် ဆောင်းထားလို့သာ
ဘာမှ မဖြစ်တာ”ဟု ပြောကြားသည်။

The Myanmar Age
======================================================
လားရှိုးမြို့မဈေး မီးကူးဆက်မည်ကို ဒေသခံ စိုးရိမ်
**************************************

လားရှိုး၊ မေ ၂၈။

လားရှိုးမြို့မဈေးတွင် အလှကုန်ဆိုင်ဖွင့်ထားသော၊ 
အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက 
“အန်တီ့ မျက်စိအရှေ့မှာပဲ ဆိုင်ကယ် နှစ်စီး မီးရှိ့နေတာ
တွေ့တယ်၊ ဗလီဘက်မှာ မီးခိုးတွေ တအားထွက်လာတယ်၊ အန်တီတို့ကတော့ ဈေးကို မီးကူးစက်လာမှ ကြောက် နေရတယ်။ ဗလီထဲမှာတော့ လူတွေရှိတာ တွေ့တယ်။ ခဲနဲ့လှမ်းပေါက်လို့ အန်တီ့
ခေါင်းကို လာထိသေးတယ်။ ဆိုင်ကယ် ဦးထုပ် ဆောင်းထားလို့သာ
ဘာမှ မဖြစ်တာ”ဟု ပြောကြားသည်။

The Myanmar Age
======================================================

လာရှိုး ဓါတ်ဆီရောင်းသူ မီးလောင်မှု ကနဦး ဖြစ်စဉ် အကျဉ်း
**********************************************
May 28, 2013

ပြည်ထောင်စုလမ်းမကြီး မန္တလေး-လားရှိုးလမ်းပေါ် နယ်မြေ ၈ အပိုင်အတွင်းမှာ မှောင်ခိုဓာတ်ဆီရောင်းသော နယ်မြေမှုးရဲ့သမီးနဲ့ ဓာတ်ဆီလာဝယ်သော (လားရှိုး မြို့ခံမဟုတ်ဟုယူဆရသော)ကုလားဆင် တစ်ဦးနှင့် စကားများရာမှစပြီး အဆိုပါ
မိန်းကလေးကို မီးဆွဲလောင်မှုဖြစ်ပွားခဲ့ပါတယ်...ဖြစ်ဖြစ်ခြင်း အနီးအနားမှာရှိသော သူများက ထို ကောင်လေးအား ရိုက်နှက်ထိုးကြိတ်ပြီး အားရဲ မှစခန်းမှလာရောက် ခေါ်ဆောင်သွားခဲ့ပါတယ် မီးလောင်ခံရသော မိန်းကလေး မှာ လားရှိုးဆေးရုံကြီးတင် တင်ထားပြီး မစိုးရိမ်ရဟု သိရပါသည်။
ဆေးရုံ နှင့် ရဲစခန်းအရှေ့တွင် ဘုန်းကြီးများနှင့် ရဲများ စောင့်နေသည်ဟု ကနဦးသတင်းရရှိပါသည်။

MMN

From: RSV
======================================================

လားရှိုးမြို့တွင် ဗလီနှင့် အရဗီစာသင်ကျောင်း များမီးရှို့ခံရ
******************************************
May 28, 2013

ရှမ်းမြောက် လားရှိုးမြို့တွင် အမျိုးသား တစ်ဦးမှ အမျိုးသမီးတစ်ဦးကို မီးရှို့သည့် ရာဇ၀တ်မှုကို အကြောင်းပြု၍ အကြမ်းဖက် သမားများက အစ္စလာမ် ဘာသာဝင် များ၏ ဗလီ၊ ဘာသာရေး စာသင်ကျောင်းများ မီးရှို့မှုများ ပြုလုပ် လျက်ရှိပြီး၊ ဈေးအတွင်းရှိ မွတ်စလင်များ ပိုင်ဆိုင်သော ဆိုင်ခန်းများ ဖျက်ဆီး လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

ယခုအချိန်တွင် လားရှိုး
မြို့ အမှတ်(၁) ရဲစခန်းရှေ့၌ မကျေနပ်သည့် မြို့ခံအယောက် ၁၀၀ ကျော်က တရားခံကို ထုတ်ပေးရန်တောင်းဆိုလျှက်ရှိသည်။ ရဲစခန်းခြံတံခါးကို သံကြိုး
များဖြင့် သော့ခတ်ပိတ်ထားကြောင်း သိရသည်။

From: RSV
=====================================================

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်