ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုး သမီး တစ်ဦးအား မီး ရှို့မှုဖြစ်ပွားခဲ့ကြောင်း လားရှိုး မြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့ အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ ဓာတ် ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။
မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့် ရှိပြီး လားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်းဒေသခံတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှ လာရောက်သူတစ်ဦးဖြစ်ကြောင်း လာရှိုးမြို့ခံ မြန်မာ့ခေတ် သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့် စုရုံးရောက်ရှိနေပြီး သံဃာတော် တချို့မှာ ရဲစခန်းတွင်းသို့ ဝင်ရောက်ညှိနှိုင်းနေကြောင်း ၎င်း ရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးကပြောကြားသည်။
“အဖမ်းခံထားရတဲ့သူကို သူတို့လက်ထဲ အပ်ဖို့ လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်းက ပြောကြားသည်။
ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချ ထားကြောင်း သိရသည်။
The Myanma Age
Time in Rangoon


0 comments:
Post a Comment