Wednesday, May 15, 2013

အသည်းစား သူပုန် ဗီဒီယိုထွက်

Posted by drmyochit Wednesday, May 15, 2013, under | No comments


အင်တာနက်တွေ ပေါ်မှာ ပျံ့နှံ့နေတဲ့ ဆီးရီးယား နိုင်ငံက ရရှိတဲ့ ဗီဒီယို တစ်ခုန ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဝေဖန် ပြောဆို တာတွေ ရှိနေ ပါတယ်။ အဲဒီထဲမှာ အစွန်းရောက် အစ္စလာမ်မစ် သူပုန် တပ်မှူးကြီး တစ်ယောက်လို့ ဖော်ပြထားတဲ့ အမျိုးသား တစ်ယောက်က စစ်သားတွေကို ရည်ညွှန်းပြီး သမ္မတ ဘာရှား စစ်ခွေးတွေရဲ့ အသည်းတွေ နှလုံး တွေကို စားပစ် မယ်လို့ ကြုံးဝါး နေတာကို မြင်တွေ့ ရပါတယ်။

အစိုးရ စစ်သား အလောင်း တလောင်းကို ရင်ခွဲပြီး အသည်းနဲ့ နှလုံးကို ထုတ်၊ ပါးစပ်မှာ ကိုက်ပြရင်း ကြုံးဝါး နေတာဖြစ်ပါတယ်။

HRW လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က ဒီလို ပြစ်မှုမျိုး လုပ်ဆောင်သူ ဘယ်သူ့ကို မဆို နိုင်ငံတကာ တရားရုံးကို လွှဲပြောင်း ပေးသင့် တယ်လို့ ပြောပါတယ်။

ဆီးရီးယား အဓိက အတိုက် အခံ အဖွဲ့ ကလည်း ကျူးလွန်သူကို ရုံးတင် စစ်ဆေး မယ်လို့ ပြောပါတယ်။

အမေရိ ကန်နဲ့ တခြား နိုင်ငံ တွေက သူပုန်တွေကို လက်နက် ထောက်ပံ့ဖို့ ချိန်ဆ နေတဲ့ အခုလို အချိန်မှာ ဒီဗီဒီယို ထွက်လာ တာဟာ အတိုက် အခံတွေ အတွက် နိုင်ငံရေး အရ ထိခိုက် နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။


နှစ်နှစ်ကျော် ကြာ အကြမ်း ဖက်မှုတွေ ဖြစ်ခဲ့ ရာမှာ အခု တွေ့ရတဲ့ ဗီဒီယိုက ထိတ်လန့် စက်ဆုပ် ဖွယ်ရာ အကောင်းဆုံး ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဖော်ပြပါတယ်။


From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်