
နေပြည်တော် မေ ၁၄
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ နောင်မတာ ကျေးရွာ အနီးတွင် အလုပ် လုပ်ကိုင်လျက် ရှိသော မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အလုပ်စခန်း နေရာသို့ မေ ၁၃ ရက် ည ၉ နာရီခွဲ အချိန် ခန့်တွင် RCSS/SSA (ရွက်ဆစ်) အဖွဲ့မှ ရောက်ရှိလာပြီး အလုပ် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းခွင် အတွင်း လက် နက်ငယ် များဖြင့် အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဦးမင်းဒင် ၃၈ နှစ်၊ ဦးစိုင်းဇာအောင် ၃၂ နှစ်တို့ လက်နက်ငယ် ကျည်ထိမှန် ဒဏ် ရာဖြင့် သေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။

RCSS/SSa (ရွက်ဆစ်) အဖွဲ့၏ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးနေသော ဦးမင်းဒင်အား တွေ့ရစဉ်
Wednesday, May 15, 2013
SSA (ရွက်ဆစ်)အဖွဲ့မှ အပြစ်မဲ့ ပြည်သူများအား ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်
Posted by drmyochit
Wednesday, May 15, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment